Saturday, August 15, 2009

ရပ်ကွက်ထဲကဘာညာကွိကွ

ကျွန်တော်တို့ ရပ်ကွက်ထဲကအကြောင်းတွေဖောက်သယ်ချတော့မယ်ဗျို့  .... software တွေပဲတင်ရတာ
ပျင်းလာပြီ....ဟီး...ကဲ...ပထမဦးဆုံးမိတ်ဆက်ပေးမဲ့ ကျွန်တော်တို့ အိမ်ရှေ့ကကိုကျော်ဆွေနဲ့ ဒေါ်ခင်စန်း
မြင့်တို့ ရဲ့ကမောက်ကမဖြစ်စရာအကြောင်းတွေပဲဗျို့ ...ဆုံးအောင်တော့ဖတ်ပေးအုန်းနော်...ဟီး...
ကျွန်တော်တို့ ရပ်ကွက်ထဲမှာ တစ်ဦးနှင့်တစ်ဦး အလွန်တွတ်ကပ်ကြတဲ့ ကိုကျော်ဆွေနှင့်မခင်စန်းမြင့်ဆိုတဲ့ လင်မယားစုံတွဲ ရှိလေသည်။ဘာမဟုတ်တဲ့အသေးအဖွဲ ကိစ္စလေးကအစအပြန်အလှန် အနိုင်ယူချင်တဲ့ မခံချင်စိတ်ကလေးတွေကြောင့်နောက်ဆုံးမှာတော့ သူတို့ လင်မယားနှစ်ဦးအပေါ် မဖြစ်သင့်တဲ့ ပြသနာအဖုထစ်လေး ပေါက်ဖွားစေခဲ့တော့တာပါ။“ဟဲ့ - ကိုကျော်ဆွေ ဒီထမင်းအိုးကို ဘာလို့ မဆေးသေးတာလဲဟင်။ဒီအိုးဆေးလိုက်လို့ ရှင့်ကိုဘယ်သူမှ ဒဏ်မရိုက်ပါဘူး”“ ဟေ့ - သေချာမကြည့်ဘဲ ရမ်းမအော်နဲ့။အဲဒီအိုးထဲမှာထမင်းတွေကျန်သေးတာ မမြင်ဘူးလားအကန်းမရဲ့ ”“ အမလေးလေ၊ထမင်းတစ်လုပ်စာတောင်မကျန်တော့တဲ့ ဟာကိုများ။ဟွန်း...မသိရင်ခက်မယ်။အိုးဆေးရမှာပျင်းရင် ပျင်းတယ်မပြောဘူး”“ အလွန်လျှာရှည်တဲ့ မိန်းမပါလား၊အေး - ဟုတ်တယ်ကွာဘာဖြစ်လဲ၊နင်တောင်ညကစားထားတဲ့ပန်းကန်တွေကိုမဆေးပဲတန်းစီ ထားခဲ့သေးတာပဲ။အဲဒီပန်းကန်တွေကို ဆေးလိုက်လို့ မြွေမကိုတ်တတ်ပါဘူးကွ”“ ဟဲ့ - အဲဒါကထမင်းနောက်ဆုံးမှ စားတဲ့ရှင့်တာဝန်လေ၊ကျုပ်နဲ့ မဆိုင်ဘူး”“ ဪ - ခင်စန်းမြင့်..ခင်စန်းမြင့်။နင်ဟာလေဒီအသေးဖွဲ့ လေးတွေကအစ ယောက်ျားကိုယှဉ်ပြိုင်ဖို့ ပဲစိတ်ကူးနေတာကိုး၊ ငါတို့ ယောက်ျားတွေကို အနိုင်လု ယှဉ်ပြိုင်ချင်လို့ ကတော့ ဘယ်တော့မှအနိုင်မရဘူးမှတ်ပါ”“ အိုး - ဘာလို့ မရမှာလဲ၊ရှင်လည်းလူပဲ၊ကျုပ်လည်းလူပဲ။လူလူချင်း မရစရာအကြောင်းမရှိဘူး”“ လူတော့လူပေါ့ဟ၊ ဒါပေမဲ့နင်ကမိန်းမဆိုတာမမေ့နဲ့ အုန်းလေ၊ငါ့အနေနဲ့ ညအချိန်မတော်ကြီးရွာရိုးကိုးပေါက်လျှောက်လည်ရင် သင့်တော်တယ်။နင်က...............”“ ဒါလေးများ ကိုကျော်ဆွေရယ်၊ကျုပ်လည်းလျှောက် ချင်ရပါ့နော်။ဘယ်သူ့ ဂရုစိုက်စရာရှိလဲ။ပြောစမ်းပါအုန်း။”“ ဟဲ့ - နင့်မှာက ငါဆိုတဲ့ နင့်ယောက်ျားကျော်ဆွေကြီး ငုတ်တုတ် ရှိနေတာ တစ်ရွာလုံး၊တစ်ရပ်လုံးသိပြီးသား။အဲဒီတော့ နင့်အပေါ်ကို ဘယ်ကောင်မှ စိတ်မဝင်စားဘူးလေ”“ ဒီလိုဆိုရှင်လည်းအတူတူပဲပေါ့။ရှင့်မိန်းမကျုပ်တစ်ယောက်လုံးရှိနေတာပဲ။ဘယ်ကောင်မ မှ ရှင့်ကိုအထင်မကြီးဘူး။ဝေးသေးတယ်...ဟွန်း.”အဲဒီလိုမျိုးပါ။မတည့်အတူနေ လင်မယားစုံတွဲလေ။ဘယ်ကိစ္စမဆို တစ်ဦးပေါ်တစ်ဦး အနိုင်ယူရမှ အိပ်ဝင်စားပျော်တဲ့သူတွေ။ယောက်ျားတို့ ဇွဲသေခါမှလျှော့မယ် ဆိုတဲ့ကိုကျော်ဆွေကတော့ တစ်ခွန်းမခံ ပြန်ပတ်တတ်တဲ့သူ့ မိန်းမကို ပြန်လည် ခွန်းတုံ့ မပြန်နိုင်ဘဲ တစ်ချက်တည်းနဲ့ ပါးစပ်ပိတ် တိတ်ဆိတ်သွားစေမယ့် အတွေးတစ်ခုကိုရလိုက်သဖြင့် ချက်ချင်းပခင်စန်းမြင့်ကို လက်ညှိးငေါက်ငေါက်ထိုးလိုက်ကာ -“ ဒီမှာ မိခင်စန်းမြင့်၊ခုချိန်ကစပြီး၊ ငါ့ကိုပြန်ပြောဖို့ ၊ ယှဉ်ပြိုင်ဖို့ မကြိုးစားနဲ့တော့။ငါတို့ ယောက်ျားတွေဟာ ဟောဒီလှေကားထစ် သုံးထစ်ဆင်းလိုက်တာနဲ့ လူပျိုဖြစ်သွားပြီဆိုတာ နင်လည်းကြားဖူးမှာပေါ့ကွာ။ဟား...ဟား...ဟားကဲ - ကျေးဇူးရှင် ဘာများတတ်နိုင်သေးလဲကွ ဟင်” ဟုအောင်နိုင်သူတစ်ယောက်၏ အပြုံးမျိုးဖြင့် အော်ပြောလိုက်ပါသည်။ထို့ ပြင်မိမိအပေါ် တစ်ခွန်းမခံ ပြန်ပြောချင်တဲ့ ခင်စန်းမြင့်ရဲ့ အရှိုက်တည့်တည့်ကို ထိုးနှက်လိုက်နိုင်ပြီဟုဂုဏ်ယူဝင့်ကြွားနေခိုက် သူ့ မိန်းမ ခင်စန်းမြင့်၏အပြုသဘောဆန်သော ပြန်လည်ချေပချက်ကြောင့် ဘသားချောကိုကျော်ဆွေခမျာ မျောက်ကိုငပိကျွေးလိုက်သလို တရှူးရှူးတရှဲရှဲ ဒေါသထောင်းထောင်းထွက်သွားခဲ့ရသည့်အပြင်အဲဒီနေ့ ရက်ကစပြီးသူ့ မိန်းမအပေါ်ကို ထာဝရအရှုံးပေးသွားခဲ့ရသည်ဟူ၍ ။ သူ့ မိန်းမ ခင်စန်းမြင့်၏ပြန်လည်ချေပချက်မှာကား.....“ ဪ - ဒီလိုကြေးလား၊ဖြစ်ပါတယ်လေ၊ရှင်ကဒီလှေကား သုံးထစ်ဆင်းမှ လူပျိုဖြစ်မှာနော်။ကျုပ်တို့ ကတော့ လှေကားအောက်ဆင်းစရာတောင်မလိုပေါင်။ ဒီအိမ်ပေါ်ကနေပြီး “ဟေ့ ကျားသတ္တဝါအပေါင်းတို့ ။ဒီကမိလုံးတင်စီမှာ ရှင်တို့ လိုချင်တာအလားကားရပြီဟေ့” လို့ တစ်ခွန်းသာအော်လိုက်ကြည့် ပါလား။ရှင့်အိမ်ကြမ်းခင်းတွေတောင်ကျွမ်ကျသွားအုန်းမယ်မှတ်ပါ”.....ဟူသတည်း။ ။

No comments:

Post a Comment

......ကြိုက်ဒါဝေဖန်သွားပါ........