Sunday, August 16, 2009

ရယ်စရာ၊ပြုံးစရာ

ဖတ်မိသမျှဟာသလေးတွေထဲကမှတ်မိနေတာလေးတွေကိုပြန်လည်ဖော်ပြထားတာပါခင်ဗျား.........
အားလုံသောမိတ်ဆွေများ ဟာသလေးတွေဖတ်ပြီးပြုံးပျော်နိုင်ကြပါစေလို့ ကျွန်တော်မောင်သု
ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်။


နယ်မြေသစ်ရှာဖွေသူ
ကောင်လေးက ကောင်မလေးကိုပြောလိုက်သည်။
“ ကိုယ်တို့ နှစ်ယောက် အပျင်းပြေကစားကြရအောင်ကွာ။မင်းက ကမ္ဘာကြီးဆိုပါတော့။ကိုယ်ကစူးစမ်းပြီး ရှာဖွေသူလုပ်မယ်လေ။ ”
“အဲဒါ ဘယ်လိုကစားမှာလဲ”
“အဲဒီလိုကွာ.....မင်းရဲ့ခေါင်းဟာ မြောက်ဝင်၇ိုးစွန်းဆိုပါတော့။ဒါဆိုရင် မင်းရဲ့ခြေဖျားလေးတွေကတောင်ဝင်၇ိုးစွန်း အထိစူးစမ်းရှာဖွေမယ်လေ။”
“ဪ...ဒီလိုလား။ဒါဆိုရင် အီကွေတာကိုတော့ ရှင်မစူးစမ်းနဲ့ ။အဲဒါကိုတော့ ရှောင်ရမယ်။”

မှန်တာပြောရရင်
“ငါ့သူ့ ကို ဒုတိယအကြိမ် တွေ့ ရမြင်ရတော့မှပဲ သူ့ ကိုတအားချစ်မိသွားတယ် သူငယ်ချင်းရာ”
“ညည်း ပထမအကြိမ်တွေ့ တုန်းက ဘာလို့ မချစ်တာလဲ ပြောစမ်းပါဦး”
“ဪ.....ပထမအကြိမ်တွေ့ တုန်းက သူဒီလောက်ချမ်း သာမှန်း မသိသေးဘူးလေ”

ကြိုကြိုတင်တင်
မိန်းမပျိုလေးက ကောင်လေးကိုပြောလိုက်သည်။
“ရှင် ကျွန်မကိုနန်းတာ ဖေဖေမမြင်စေနဲ့ နော်သိလား”
“ဟင်ကိုယ်မင်းကို နန်းမှမနန်းတာဘဲ”
ကောင်လေးကပြန်ပြောလိုက်သည်။
“ဟုတ်ပါတယ်...မနန်းသေးပါဘူး...တကယ်လို့ နန်းရင်ဖေဖေမမြင်စေနဲ့ လို့ ကြိုပြောထားတာပါ”

မိတော့မယ်
အိမ်ရှေ့တွင် မိန်းကလေးကကွေ့ ပတ်၍ပြေးနေသည်။
အိမ်နီးချင်းကောင်လေးကလိုက်၍ ဖမ်းနေသည်။
မိန်းကလေးအဖေက ကောင်လေးကိုအော်၍မေးလိုက်သည်။
“ ဟေ့ သူငယ်၊မင်းကငါ့သမီးကိုဘာလို့ လိုက်ဖမ်းနေတာလည်း”
“သူ...သူ ကျွန်တော်ကိုလိမ်ဆွဲလို့ ပါ”
အဘိုးကြီးက သူ့ သမီးဘက်လှည့်၍ မေးသည်။
“ ဟုတ်လားသမီး။သမီးက သူ့ ကိုဘာပြုလို့ လိမ်ဆွဲရတာလဲ”
မိန်းကလေးကရှက်ရှက်နှင့် ပြန်ဖြေသည်။
“သူ....သူ လိုက်ဖမ်းအောင်လို့ ပါ”

ကောင်းရော
မိန်းကလေးကို တယုတယပွေ့ ဖက်ရင်း ကောင်လေးကမေးလိုက်သည်။
“မင်းနဲ့ ကိုယ်ချစ်ကြတာ မင်းသူငယ်ချင်းတွေသိကုန်ပြီလား”
“အင်း..သိကုန်ပြီ”
“ကိုယ်ကဗျာတွေရေးတဲ့ အကြောင်းရော ပြောပြလိုက်လား”
“ဟင့်အင်း၊မောင်အရက်သောက်တာ၊ဘောပွဲလောင်းတာတော့ ပြောပြပြီးပြီ”
“ကဗျာဆရာဆိုတာ ဘာလို့ မပြောတာလဲ”
“အို...တစ်ခါတည်း အကုန်ပြောလိုက်ရင်ကြွားတယ်လို့  ထင်ကုန်မှာပေါ့”

မှားနေပြီ
“သူငယ်ချင်း...နင့်ယောက်ျား အခြေနေဘယ်လိုလဲ”
“ဒီမနက် သူ့ အခြေနေသိပ်မကောင်းဘူး”
“ဘယ်လိုမကောင်းတာလဲ”
“မနက်စာ စားဖို့  ထမင်းစားပွဲမှာထိုင်ကြတော့ ငါ့ခေါင်းကိုသူ ဇွန်းနဲ့ ခေါက်တယ်၊ပြီးတော့သူစားမဲ့ ကြက်ဥ ကိုနမ်းတယ်”

ပြချင်သူ
မိန်းမချောလေးကသူ့ ရည်းစားကို ပြောလိုက်သည်။
“မောင်ရေ.....တို့ အူအတတ်ပေါက်တုန်းက ခွဲရတဲ့နေရာကိုကြည့်မလား။မောင်မကြည့်ချင်ဘူးလားဟင်”
“မကြည့်ချင်ပါဘူးကွာ မင်းဆေးရုံကိုလိုက်ပြမှာမဟုတ်လား”

မေ့တတ်သူ
စိတ်ရောဂါကု ဆရာဝန်ထံသို့ လူနာတစ်ယောက်ရောက်လာသည်။လူနာကပြော၏။
“ ဆရာရယ်..ဆရာ့ကိုဘယ်လိုပြောရမှန်းတောင်မသိပါဘူး။ဟိုဒင်းလေ။ဟိုဟာ..ဟိုဥစ္စာ၊ကျွန်တော်လေဘယ်လိုခေါ်မှန်းတောင်မသိတော့ပါဘူး၊အမြဲတန်းလို မေ့တဲ့ဥစ္စာဗျာ...”
ဆရာဝန်သည် လူနာ၏စကားကို နားထောင်ပြီးခဏကြာစဉ်းစားပြီးမှ ပြန်ပြောသည်။
“ဘာလဲ....အကြွေးကိုပြောတာလား”
“ဟုတ်တယ်ဆရာ......ဟုတ်တယ်...ဟုတ်တယ်...”
“အကြွေးက ဘာဖြစ်လို့ လဲ”
“ဪ.....ဆရာရယ် ဆေးကုခတော့အကြွေးနော်”

မမေ့တဲ့နိုင်
လင်ယောက်ျားဖြစ်သူကမိန်းမကိုပြောလိုက်သည်။
“မင်းကိုငါလက်ထက်ဖို့  သဘောတူတဲ့အကြောင်းပြော လိုက်တုန်းက ငါ့ရဲ့ခေါင်းဘယ်ကိုရောက်နေသလဲဆိုတာ စဉ်းစားလို့ မရတော့ဘူး”
ဇနီးသည်ကချက်ချင်းပြန်ပြောသည်။
“ရှင် ကျွန်မကိုလက်ထက်မယ် ပြောတော့ ရှင့်ခေါင်းကကျွန်မပခုံးပေါ်မှာလေ”

ဖိတ်ခေါ်ချက်
“ မင်းကိုယ့်ကို အဲဒီလို မျက်နှာပေးနဲ့  အကြာကြီးမကြည့်နဲ့ ။ကိုယ်မနေတတ်တော့ဘူး၊
မင်းကိုကိုယ်တက်နမ်းမိတော့မယ်”
“နမ်းမယ်ဆိုရင်လည်း မြန်မြန်နမ်းလိုက်လေ။ ကျွန်မအဲလိုမျက်နှာပေးကိုအကြာကြီးလုပ်မထားနိုင်ဘူး”

No comments:

Post a Comment

......ကြိုက်ဒါဝေဖန်သွားပါ........