Wednesday, August 26, 2009

CBox မှမေးခွန်းဖြေကြားချက်

နိုင်ဇော်: ကိုမောင်သု ကျွန်တော့် blogမှာ အသစ်တင်တာတွေကိုဒေါင်းစေချင်လို့ ဒီမှာဒေါင်းလုပ်ယူပါဆိုကိုဘယ်လိုလုပ်ရမလဲခင်ဗျာ

ကိုနိုင်ဇော်မေးထားလို့ ကျွန်တော်ပြန်ဖြေပေးလိုက်ပါတယ်။ Blog နည်းပညာများအနေနဲ့ အရင်
Bloger ဆရာတွေအများကြီးရေးပြထားကြတဲ့အတွတ်ကျွန်တော်သူတို့ ထက်ပိုကောင်းအောင်
ရေးနိုင်မယ်မထင်ပါ။ကျွန်တော်လည်းသူတို့ စာတွေဖတ်ပြီး ဒီ blog ပီစိကွေးလေးကိုလုပ်ဖြစ်သွား
တာပါ။ကိုနိုင်ဇော်ရဲ့မေး ထားတဲ့ Hyperlink ဆိုတာ ကျယ်ပြန့်ပါတယ်။ သိသလောက် အကြောင်းအချက်လောက်သာ တင်ပြလိုက် ပါတယ်။

Text Links ( HTML code )
<a href="URL" target="_blank"title="TITLE"> text ...</a>

ဥပမာအနေနဲ့ပြောရရင်-
Posts အတွင်းရေးသားရင်းဖြစ်စေ၊ သီးသန့်အနေနဲ့ပဲဖြစ်စေ စာဖတ်သူကို Website Link တစ်ခုအဖြစ် ပေးချင်ရင် သုံးလေ့ရှိတာကိုမြင်တွေ့ရမှာပါ၊ အောက်ပါစာပိုဒ်လေးကိုကြည့်ပါ-
( Virus တွေကို နှိမ်နင်းဖို့ Free Software ဖြစ်တဲ့ AVG Antivirus Software ကို ဒီနေရာလေးကနေ Click လုပ်ပြီး Download သွားယူလိုက်ပါ )
ဒီစာပိုဒ်လေးအတွင်းမှာ Click ဆိုတဲ့ text ကို Link ပေးထားခဲ့ပါတယ်။ ဘယ်လို Link မျိုးလဲဆိုရင် target="_bland" ဆိုတဲ့ NewWindow(သို့)NewTag Link မျိုးပါ။ မိမိ Website ရဲ့အပြင်ဘက် Site တစ်ခု အနေနဲ့ ဖော်ပေးနေမှာပါ။ ယခုပြုလုပ်ထားတဲ့ Text Link HTML code ကိုအောက်ပါအတိုင်း ဖော်ပြပေး လိုက်ပါတယ်-

<a href="http://hotfile.com/dl/10229177/bc90bef/avg.rar.html"target=
"_blank"title="AntiVirusSoftware">Click</a>


ဒီလောက်ဆိုရင် ကိုနိုင်ဇော်သဘောပေါက်မယ်လို့ မျှော်လင့်ပါတယ်။ကျွန်တော်လည်းသိပ်တတ်ကျွမ်းမှုမရှိပဲဖော်ပြထားခြင်းဖြစ်တဲ့
အတွတ်အမှားယွင်းပါခဲ့ရင်ခွှင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

No comments:

Post a Comment

......ကြိုက်ဒါဝေဖန်သွားပါ........