ဖတ်လို့ ကောင်းခဲ့လို့ ရှိရင်ကျွန်တော်မောင်သုကိုချီးကျူးပါ။မကောင်းဘူးဆိုရင် ပြောပြတဲ့ကျွန်တော့်
သူငယ်ချင်းနိုင်ဌေးကိုပဲအပြစ်တင်ကြနော်..ဟီး...
ကျွန်ုပ်ငယ်စဉ်ကနေထိုင်ခဲ့သည့် ရွာကလေး၏အမည်ကား
ပုဇွန်မြောင်းရွာ ဟူ၏။ပုဇွန်မြောင်းရွာသည် ပဲခုးတိုင်းအရှေ့ခြမ်း ညောင်လေးပင်မြို့ နယ် အတွင်းရှိပြီး
ညောင်လေးပင်မြို့ ၏ အရှေ့ဘက်(၄) မိုင်ခန့်
အကွာ တွင်ရှိ၏။ယခင်ကစစ်တောင်းမြစ် နဖူးနားတွင်ရှိခဲ့ဖူးသော်လည်းယခုအခါစစ်တောင်းမြစ်သည်
မြစ်လမ်းကြောင်းပြောင်းခဲ့ပြီ ဖြစ်သဖြင့်မြစ်ကျိုးအင်းကြီးအဖြစ်သာ ရွာ၏
တစ်ဖက်တစ်ချက်တွင်
သာကျန်ခဲ့လေတော့၏။
ပုဇွန်းမြောင်းရွာသည်အိမ်ခြေများသောရွာတန်းရှည်ရွားကြီးဖြစ်ပြီးရပ်ကွက်(၅)ခုဘုန်းကြီးကျောင်း
(၆)ကျောင်းနှင့်အ.ထ.က(၁)ကျောင်းနှင့်အ.မ.က(၂)ကောင်းရှိ၏။ရွာ၏အလယ်တွင်မူစစ်တောင်းရေ
ကာတာတာရိုးကြီးရှိပြီးရွာရွာလယ်လမ်းမကြီးအဖြစ်ပြေပြစ်ချောမွေ့ စွာရွာ၏အသွင်ကိုတစ်မူစန်း
တင့်တယ်နေစေတော့လေသည်။ကျွန်ုပ်သည်ဒသမတန်းကျောင်းသားဘ၀အတန်းတင်စာမေးကြီး
မဖြေခင်(၃)လခန့် အလိုတွင်မိခင်၊ဖခင်တို့ ထံမှရွာရှေ့ဖျားရှိ ညောင်လွန့် တောရကျောင်း နေထိုင်
ကာကျောင်းတတ်ချင်ကြောင်းခွင့်ပန်ကာသွားရောက် နေထိုင်ခဲ့လေသည်။ဘုန်းကြီးကျောင်း
တွင်နေထိုင်လိုခြင်းမှာငယ်ဆရာဖြစ်သောကျောင်းထိုင်ဆရာတော် ဦးကောဝိဒ အပေါ်
ခင်တွယ်လွန်းခြင်းနှင့် ရွာစွန်ရွာထိပ်တွင်
အေးချမ်းစွာစာကျက်လိုခြင်းကြောင့်ဖြစ်ပါသည်။
ညောင်လွန့် တောရကျောင်းသည်ပုဇွန်မြောင်းရွာ၏အေ၇ှ့ဖျားအစွန်တွင်တည်ရှိပြီးစစ်တောင်းရေကာတာ
တာရိုးကြီးကိုမျက်နှာမူးထားသည်။ ဘေးပတ်ပတ်လည်တွင်လယ်ကွင်းများဖြင့်
ပြည့်နှက်နေပြီး
ရွာဦးထိပ်နှင့်လည်းကိုက်(၃၀၀)ခန်းအဆက်ပြတ်နေသေး၏။ကျောင်း၏မျက်နှာမူရာ
တာရိုးကြီး၏
တစ်ဖက်တစ်ချက်တွင်မူ ဘေးလောင်းတော်ဘိုးတပ်မှုးစစ်ရှောင်ရင်း တည်ထားခဲ့သော သုံးဆူမြတ်စေတီတော်ကို ထုံးဖြူမပျက်
သပ္ပာယ်စွာဖူးတွေ့ နိုင်လေသည်။
(ယခုအခါတွင်မူ ရွှေသင်္ကန်းရောင်းတစ်ဝင်ဝင်းဖြင့် သပ္ပာယ်စွာဖူးတွေ
့နိုင်ပြီဖြစ်သည်)ထိုစေတီတော်၏ လက်ယာဘက်တွင်ကာ အပုတ်ကောင်ရုပ်ဆောင်ကြသော လူသတ္တဝါတို့ သေသည့်အခါ
မြှုပ်နှံကြသည့် သချုင်္ိင်းရှိလေသည်။
ထိုစဉ်ကသင်္ချိုင်းသည်ချုံပုတ်များဖြင့်ပြည့်နှက်နေပြီးချုံပုတ်များ၏ကြားတွင်တစ်ပင်တည်း
ထီးထီးမားမားပြည့်ကားအုံ့ ဆိုင်းနေသော ညောင်ပင်ကြီးတစ်ပင်ကိုအဝေးကပင်မြင်နိုင်ပါ၏။
ညောင်ပင်ကြီး၏အောက်ချုံပုတ်နိမ့် များကြားဝယ် သေလွန်သူတို့ ၏အုတ်ဂူများကားချောက်ချားဖွယ်အတိဖြင့်
ငြိမ်သက်စွာရှိနေကြသည်ကိုလည်းတစ်တစ်စမြင်နိုင်ပါသည်။အမှီသဟဲမဲ့နေသော ညောင်ပင်ကြီးသည်
လေတိုတ်သောအခါ
တဟဲဟဲတရှဲရှဲနှင့် ကြောက်မက်ဖွယ်သံစဉ်များကိုလွှင့်ထုတ်နေသည်မှာ
ရင်တုန်ကြောချမ်းဖွယ်ကောင်းလှပါ၏။ညခင်းဘက်တွင်ကားဆိုဖွယ်ရာမရှိတော့ပြီ။
ထိုစဉ်အခါက ကျွန်ုပ်သည် စူးစမ်းလိုစိတ်များနှင့်
ပြည့်နှက်နေသော လူငယ်တစ်ယောက်ဖြစ်သည့်အတိုင်း အရာရာကိုစူးစမ်းလေ့လာနေမိသည်။စူးစမ်းလိုသောစိတ်တို့ ကား
ကြောက်စိတ်များကိုဘေးသို့ဖယ်ရှား
တတ်သည်ထင့်။စိတ်ထဲတွင်ဘယ်အရာကိုမျှ မကြောက်မိပေ။ညစဉ် (၁၀) နာရီအထိ
ကျွန်ုပ်စာကြည့်သည်။ နံနက်(၄)နာရီအိပ်ရာမှထသည်။အိပ်ရာမှထ မျက်နှာသစ်ပြီးလျှင် ကျောင်းထိုင်ဆရာတော်ကြီနှင့်
ဦးပဉ္ဇင်းနှစ်ပါးတို့ အတွတ်ရေနွေးကြမ်းထတည်၏။ပြီးနောက်ရွာဦးတစ်ပတ်လည် မေတ္တာသုတ်ရွတ်ရင်း လမ်းလျှောက်၏။ထို
့နောက်စာရေးစာဖတ်လုပ်၏။နေကာစ(၁၀)ရက်လောက်အထိ မည်သည့်ထူးခြားမူမှ မရှိ။သူများတွေပြောသည့်
သရဲ၊တစ္ဆေဆိုသည်မှာ ကျွန်ုပ်အဖို့ တော့ယုံတမ်းစကားဟုသာထင်မိ၏။
ညောင်လွန့် တောရကျောင်းသည် တောရကျောင်းပီပီ ဆိတ်ညိမ်လွန်းလှ၏။နေ့ခင်းဘက်တွင်မူ ကျီးသံ၊ငှက်သံကြားရ၏။ဆရာတော်ကြီးနှင်ဦးပဉ္ဇင်းတို့ ဝိနည်းတော်နှင့်အညီ
နေထိုင်ကြတော့စကားလည်းအလွန် နည်းကြသည်။နှစ်ပါးစလုံးမှာတောရ ရဟန်းပီသစွာ ၀ိပသနာအလုပ်ကို
ကြိုးစားအားထုတ်ကြပါသည်။ ဆွမ်းစား ဆွမ်းခံကြွရုံက လွဲပြီးရွာထဲဝင်လေ့မရှိ။ဒကာ၊ဒကာမတွေနှင့်
ရောရောနှောနှောနေလေ့မရှိ ၊ကြည်ညိုဖွယ်အတိပြီးသော တောရဟန်းများသာဖြစ်သည်။ ညောင်လွန့် တောရကျောင်းတိုတ်၏ ညရှုခင်းများကား ချောက်ချားဖွယ်ရာပင်ကောင်းလှသည်။ဟောင်းနွမ်းဆွေးမြေ့ လွန်းလှသည့်
ဆွမ်းစားကျောင်းနှင်သိမ်တို့ မှာလည်း
ကျောင်းဝင်းအတွင်း ထီးထီးမားမား တည်ရှိနေသည်။
အရှေ့ဘက်တွင်ရှိသောစေတီပျက်တစ်ဆူ၏အချို
့နေရာများပြိုပျက်လျကိမြက်ရိုင်းများပင်စေတီ
၏သုံးပုံတစ်ပုံထိဖုံးလွှမ်းထားသည်။ကျောင်းခြံစည်း၇ိုးတွင်မူ လွန်စွာမှကြီးမားလှသော
အရွက်အခက်များစိပ်စိပ်အုံ့ အုံ့ ရှိနေသည့်ကုတ်ကိုင်းပင်ကြီးများ အုံ့ မှိုင်းစွာရှိနေကြသည်။ထို့ ပြင်
ထန်းပင်၊မန်ကျီးပင်၊ဗါဒံပင်များကလည်း လပျောက်၊နေပျောက်ပင်မတိုးဝင်နိုင်လောက်အောင် ညို့ ညို့ ဆိုင်းဆိုင်းရှိနေပေသေးသည်။ ကျောင်းတိုတ်ခြံဝင်းအတွင်း လေတိုးသေးအခါထွက်ပေါ်
လာတတ်သည့်တရှဲရှဲတဗြဲဗြဲအသံများကားကြောက်တတ်သူများအဖို့ လိပ်ပြာပင်လွင့်စေလောက်သည်။
တစ်ခါတစ်ရံ
လေတိုတ်လေတိုတ်သောအခါ သွပ်ပြားများအပေါ်သို့  လန်ပြီး ပြန်ကျသောအသံ
တဂျိမ်းဂျိမ်း၊တဂျမ်းဂျမ်းကလည်း ကြောက်ရွံ့မှုဒီဂရီကို တိုးစေနိုင်၏။
“ရွာဦးကျောင်းကို
နေ့ပဲဖြစ်ဖြစ်၊ညပဲဖြစ်ဖြစ် အဖော်မပါပဲမသွားကြနှင့်” ဟုပြောစမှတ်တွင်လောက်အောင်ရွာသူရွာသားများသည်နေရာကိုလန့် ကြ ကြောက်ကြလေသည်။
သည်ကြားထဲကြောက်စရာ
အဖြစ်ပျက်လေးတွေကလည်းထိုကာလထဲမှာ မကြာခဏဖြစ်ပေါ်နေပြန်ပါသည် “ နွားကျောင်းသားလေခိုင်ဝင်းလေ၊ နွားကျောင်းရင်နဲ
့ရွာဦးကျောင်း ခေါင်းရင်းနားကဗါဒါပင်ကြီးအောက်မှာ
အိပ်ပျော်သွားတာ ပြန်နိုးတော့ ရင်ဘတ်နဲ့ ကျောကုန်းမှာ လက်ဖဝါးနဲ
့လက်ငါးချောင်းရာ ထင်းလာတာပဲတော်ရေ..လက်ဖ၀ါးရာကြီးတွေကိုမှ ရဲတွတ်နေတာပဲ၊ထင်ထင်ရှားရှားကြီး တော်ရေ…၊
ထင်းနေတာပဲတော့ ”
“ရွာလယ်ပိုင်းကဦးဖိုးထင်ကြီးပေါ့ဆိတ်ပျောက်လို့ လိုက်ရှာရင်း မောမောနဲ့ ရွာထိပ်သင်္ချိုင်းက ညောင်ပင်ကြီး
အောက် အိပ်ပျော်သွားတာ ၊သရဲတွေပဲနေမှာပေါ့၊သူ့ တကိုယ်လုံး
မလှုပ်နိုင်အောင် နွယ်ကြိုးတွေနဲ့  တုတ်ထားသတဲ့ဗျာ…၊ကြောက်စရာကြီး”
“အရှေ့ပိုင်းကအရက်သမားဖိုးထောင်လား၊ဟုတ်ပါ့ဗျာ…၊မူးမူးနဲ့ ရွာဦစေတီနား ရောက်သွားတာ
စေတီနောက်မှာနန်းဝတ်နန်းစားနဲ့ ဆံပင်ဖားလျားချထားတဲ့မိန်းမလှလေး(၃)ယောက်ကိုတွေ
့သတဲ့၊ဖိုးထောင် ကအမူးပါးလေ၊ကောင်မလေးတွေကိုလက်ဆွဲမလို့ အနားကပ်သွားတာ ကောင်မလေး(၃)ယောက်နောက်က
တင်းပုတ်နဲ့ လူဝကြီးတယောက်တင်းပုတ်ကြီးထမ်းပြီးထွက်လိုက်လို့ ခွေးပြေးဝက်ပြေး
ပြေးခဲ့ရသတဲ့၊
ခပ်လှမ်းလှမ်းေ၇ာက်မှ နောက်ပြန်လှည့်ကြည့်တော့ မိးကလေးတွေရော လူဝကြီးရော အရိပ်တောင် ရှာမတွေ့ တော့ဘူးတဲ့ဗျ”
ထိုသို့ ဖြင့်ရွာဦးဘုရားနှင်ရွာဦးကျောင်းသည်တဖြည်းဖြည်းအခြေသတင်းပြေးကာတစ္ဆေသတင်းမွှေးလာပေ
တော့သည်။ရွာသူရွာသားနှုတ်ဖျားတွင်မူဘယ်စကားပြောပြော
ဖော်ပြပါသရဲခြောက်သည့်သတင်း၊ ဥစ္ဆာစောင့်ထွက်သည့်သတင်းများက(၈၀)ရာခိုင်းနှုန်းခန့် နေရာယူလျက် ရှိပေသည်။ကျွန်ုပ်အား
ရွာသားများကမိဘအိမ်တွင်ပြန်နေရန်အမျိုးမျိုးပြောဆိုဆုံးမကြပါသည်။သရဲ၊တစ္ဆေတို့ နှင့်တွေ့ သလားဟု
တွေ
့သူတိုင်းကမေးမြန်းကြပါသည်။ကျွန်ုပ်မှာမည်သူမေးမေး ပြန်မဖြေပဲ ထိုကျောင်းအိုကြီးထဲမှာ
စာမေးပွဲကာလေ၇ာက်သည်အထိ နေထိုင်ခဲ့ပါသည်။ထိုသို့ နေထိုင်စဉ်ကာလအတွင်း ပရလောကသားတို့ နှင့် ကျွန်ုပ် များစွာကြုံတွေ
့ခဲ့ရဖူးသော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ
မပြောပဲအေးဆေးစွာ နေထိုင်ခဲ့ပါသည်။ယခုမူကား ကြုံတွေ့ ခဲ့ရဖူးသော
အဖြစ်ပျက်များထဲမှ ဘ၀တွင်မည်သို့ မျှမေ့လို့ မရနိုင်သောဖြစ်ရက်တစ်ခုကို အများပြည်သူများဆင်ခြင်နိုင်ရန် အလို
့ငှာဖော်ပြလိုက်ပါသည်။
ညတစ်ည…။ရက်စွဲကိုတော့အတိကျမမှတ်မိတော့ပါ။ကျွန်ုပ်မှတ်မိနေတာကတော့ထိုညကားအလင်းရောင် မဲ့ပြီးမှောင်မိုက်နေသာ လကွယ်ညတစ်ညသာ ဖြစ်ပေတော့သည်။ “ ၀ူး…အူး..အူး..၀ူး..” “ ဂီး..ဂီး…ဂီး….”
တစ်ချက် တစ်ချက် ချိန်သားမကိုက်စွာ ပေါ်ထွက်လာတတ်သော ရွာဦးသင်္ချု
ိင်းမှခွေးအူသံများနှင့် ငှက်ဆိုးထိုးသံများမှာပိန်းပိတ်အောင် မှောင်နေသာညကို ချောက်ခြားစရာဖြစ်အောင်တွန်းပို့နေသယောင်။
ကျွန်ုပ်သည် ကျောင်းစာကြည့်ခြင်းကို ည(၁၀)နာရီခန့် တွင်ရပ်နားပြီး အိပ်ယာထဲဝင်ခဲ့သည်မှာ
တစ်နာရီမျှပင်ကြာမြင့် ခဲ့ပြီဖြစ်သည်။ထိုစဉ်ကကျွန်ပ်အိပ်စက်နေသော နေရာမှာကားညောင်လွန်
့တောရကျောင်း၏
သိမ်အိုကြီးထဲတွင်ဖြစ်ပါသည်။ထိုသိမ်အိုကြီး၏တစ်ခုတည်းသောခုတင်ဟောင်းကြီးပေါ်တွင်
ခေါင်းအုန်းတစ်လုံး၊စောင်တစ်ထည်ဖြင့် ခြင်ထောင်၊ ထောင်ကာမှေးစက်ပါသည်။မှေးခနဲ ကျွန်ုပ်အိပ်ပျော် သွားသည်ထင်မိ၏။နားထဲသို့ ဝင်ရောက်လာသည့်ထူးဆန်းသော အသံသေးသေးလေတစ်သံကြောင့် ကွန်ုပ်မျက်လုံးများကို အားယူဖွင့်လိုက်မိပြီး
နားကိုလည်းစွင့်ထားလိုက်မိသည်။သိမ်ယောင်းကြီး၏ တံ
ခါးကိုကုတ်ခြစ်နေသော“ဂျစ်…ဂျစ်…ဂျစ်..” မြည်သံ။ထိုအသံကလွဲရင်ညကညပီသစွာတိတ်ဆိတ်
လျက်ခွေးအူ သံများပင်မကြားရတော့။ကျွန်ပ်လည်း အိပ်ယာထက်မှဖြေးညင်းစွာ ထလိုက်မိပြီး
ဆံခါးနားသို့ အသာအရာချည်းကပ်ပြီးနားကို တံခါးနားသို့ ကပ်လိုက်သည်။နားထဲဝယ် အသံကပိုကျယ်လောင်လာလျှက်ညကြိးအချိန်မတော်မည်သူပေနည်းဟုစဉ်းစားလို့ ပင်မရချေ။
သိမ်အိုကြီး၏
ခေါင်မိုးပေါ်ရှိဟနေသော သွပ်ချက်ကြားမှ ကောင်းကင်ပေါ်ကိုခိုးကြည့်
လိုက်မိပြီး တလက်လက်တောက်ပနေသော ကြည်ပွင့်လေးများကိုခဏငေးကြည့်နေမိ၏။
ကျွန်ပ်အာရုံများက၀ိုးတ၀ါးဖြစ်နေပြီး အိမ်မက် မက်နေသလိုလို စိတ်ညှို့ ခံထားထားရသလို
ခံစားနေမိသည်။
“ ဂျစ်….ဂျစ်….၊ဂလောက်..ဂလောက်…”
ထိုစဉ် အပြင်ဘက်မှ တံခါးကိုကုတ်ချစ်သံတွေ ပိုကျယ်လာသလို ခံစားမိရမှ
နားကိုတံခါးနှင့် အသာခွာပြီးခုတင်ပေါ် မှမီးခြစ်နှင့် မီးအုတ်ဆောင်းကိုယူပြီးတံခါးကို ဖွင့်ကြည့်ရမည်ဟု စိတ်ထဲမှာရေရွက်လိုက်မိသည်။
“ အောက်…အီး..အီ..အွတ်.”
ရွာဆီမှ သန်းကောင်ယံကြက်တွန်သံကို သဲ့သဲ့မျှကြားလိုက်မိပြီး
နောက်စိတ်ကိုတင်းကာ တံခါးမင်းတုတ်ကိုဖြုတ်ပြီးတံခါးကိုဖြေးညင်းစွာဖွင့်လိုက်ပါတော့သည်။နှစ်ကာလကြာမြင့်ပြီ ဖြစ်သော
တံခါးအိုက တကျွီကျွီမြည်ကာ ပွင့်သွားပြီး ရှေ့ကိုကျွန်ုပ်ကြည့်လိုက်တော့ဘာကိုမှမတွေ့ ။မျက်လုံးတွေက
ဝေေ၀၀ါးဝါးနဲ့ အပေါ်ဆုံးလှေကားထစ်ပေါ်သို့ ကျွန်ုပ်ခြေကို ချလိုက်သည်။
“ အီး…အီ..အီ..အီ…..အိ….အင့်…အိ..အိ…” ခြေထောက်ပေါ်မှ ခံစားရသောအေးစက်သောအထိအတွေ့ ။
“ ဟိုက် ” အသေချာကြည့်လိုက်တော့ ခွေးနက်လေးတစ်ကောင်။သူဝပ်နေလို
့ကျွန်တော်မတွေ့ တာဖြစ်ပေလိမ့် 
မည်။ကျွန်ုပ် ဆံပင်တွေထောင်ပြီး
မျက်လုံးတွေကျယ်သွားသည်။စိတ်ကိုအတည်ငြိမ်ဆုံးထားလျက်မှာ ကြက်သိမ်းတွေထနေမိသည်မှာ အလွန်ထူးဆန်းသော အဖြစ်ပျက်ပါပေ။ ကျွန်ုပ်ဘ၀တာတွင်
ထိုကဲ့သို့ အဖြစ်မျိုးမကြုံဖူးဒါကြောင့် ကြောက်ရွံ့ နေသလား၊ဒါမှမဟုတ်အံ့ဩထိန်
့လန့် နေသလား
ဆိုတာဆိုတာ ဝေခွဲမရဖြစ်နေပြီး အာရုံထဲမှာလည်းအတွေးများကတန်းစီနေသည်။ ခွေးနက်လေးကတော့ ကျွန်ုပ်ခြေထောက်ကို သူ
့လျှာအေးစက်စက် ကလေးဖြင့်လျက်နေဆဲ။ရုတ်တရက် အသိဝင်လာသည်နှင့် ကျွန်ုပ်သည် ခွေးနက်ကလေး၏
မေးစေ့အောက်သို့ ခြေဖျားကိုထိုးခံပြီးအားရပါးရရမ်းထုတ်ပစ်လိုက်မိတော့
သည်။
“ ဘုတ်..ဘုတ်…အိ ” ဘုတ်ခနဲကျပြီအိခနဲအသံတစ်ချက်ထွက်ကာ ငြိမ်သွားသောခွေးနက်ကလေးကိုကျွန်ုပ်
သည်ခွေးနက်လေးကို သနားစိတ်ဖြင် ဂရုဏာသက်စွာကြည့်လိုက်သောအခါသူကလေးကအောက်ရောက်မှ အမြီးကလေးပင် နှံ့ နေသေးသည်ကိုကြယ်ရောင်ဝိုးတ၀ါးဖြင့်ကျွန်ုပ်ထူးဆန်းစွာတွေ့ လိုက်လိုက်ရပေ၏။အလွန် အံဩဖွယ်ကောင်းလေစွ။ ကျွန်ုပ်သည် တည်ငြိမ်မှုမဲ့စ ပြုလာသောစိတ်တို
့ကိုအတတ်နိုင်ဆုံး စုစည်းလိုက်မိသည်။အတွေးအာရုံများက ရှုပ်ထွေးနေပြီ တာရိုးကြီး တစ်ဖက်ခြမ်းရှိ ရွာဦးစေတီဆီမှ
ဆည်းလည်းသံတစ်ချွင်ချွင်ကို ကြာငးနေမိသည်။
ထို့ နောက်တွင့်တော့ ကျွန်ုပ်၏ စူးစမ်းလိုသောစိတ်များသည် ကစဥ့်ကရဲ
ဖြစ်နေသော စိတ်များကိုအနိုင် ရလိုကိသည်ထင့်။ ပုဆိုးကိုတင်းတင်းပြင်ဝတ်ပြီး ခွေးလေးကိုလေ့လာရန် အောက်သို
့ဆင်းလိုက်မိတော့သည်။
“ အု….အု…..အိ…အိ…၀ုတ်..၀ုတ်..” ခွေးနက်ကလေးသည် ကျွန်ုပ်အောက်သို
့ရောက်သည်နှင့် အသံပြုကာကျွန်ုပ်၏လုံချည်စကို နှုတ်သီးကလေးဖြင့်ပြေးဆွဲသည်။ပြီးနောက် ရှေ့သို
့အမြီးကလေးနှံ့ 
ကာပြေးဟန် သံးလေးကြိမ်ခန့် ပြုလုပ်လေသည်။ကျွန်ုပ်လည်းခွေးကလေး ခေါ်ဆောင်ရာနောက်သို
့
လိုက်သွားချင်စိတ်ဖြစ်ပေါ်မိပြီး ခြေလှမ်းများကိုသွက်လက်စွာစတင်လိုက်လေတော့သည်။ကြောက်ရွံ့ 
စိတ်များက
တဖြည်းဖြည်းဝေးလျက်…..။
ခွေးကလေး ရှေ့ သို့ ပြေးလိုက် ကျွန်ုပ်ကို ပြန်လှည့်ကြည့်လိုက်၊ဆက်ပြေးလိုက်လုပ်နေသည်။ခွေးကလေးဦး
တည်ရာကား ရွာအပြင်သင်္ချိုင်းဘက်….။သင်္ချိုင်းဇရပ်ကိုကျော်ပြီး လူသေများမြှုပ်နှံထားရာ၊ ဖုတ်ကြဉ်း သင်္ဂြိုဟ်ရာ မြေကမူများ၊ချုံပုတ်များကြား ရောက်သော်အခါ ခွေးနက်ကလေးသည် ခြေစုံရပ်ပြီး
တစ်စုံတစ်ခုကို စူးစူးစိုက်စိုက် ဟောင်နေလေတော့သည်။
“ ၀ုတ်….၀ုတ်….၀ုတ်..” “ ၀ရော..ရှဲ..ရှဲ…” “ ဂီး…ဂီး….ဂစ်..”
ကျွန်ုပ်နားထဲဝယ် ခွေးဟောင်သံ၊သင်္ချိုင်းအလယ် ညောင်ပင်ကြီးဆီမှ
လေထိုးသံ၊ငှက်ဆိုးများ၏ ထိတ်လန့် ဖွယ် အော်မြည်သံများကိုမထိတ်သာမလန့် သာကြားနေရသည်။အားကိုတင်းတင်းထားရသော်လည်း
ကြက်သိမ်းများ တဖြန်းဖြန်းထနေသဖြင့်လူမှာအနည်းငယ်တုန်ရီစ ပြုလာသည်။ထို
့ကြောင့် လက်သီးကို တင်းတင်ဆုတ်ပြီး ဘုရားဂုဏ်တော်များကိုရွတ်ဆိုနေမိ၏။ကြောက်စိတ်တစ်ပိုင်းတစ်စက အာရုံတွင်
လွှမ်းမိုးနေသဖြင့် ရွတ်ဆိုရသည်မှာ သိပ်ပြီး အဆီအငေါ်မတည့်လှပေ။ ခွေးနက်ကလေးကာ အသံဆာဆာဖြင့် ဟောင်နေဆဲ။ကျွန်ုပ်ကား
ချွေးစေးများပြန်လျက်ရှိပေသည်
စိတ်ကို စုစည်းကာ မီးဖြစ်ကိုကိုင်လျက် မီးအုပ်ဆောင်းအတွင်းမှ
မီးခွက်ကိုထွန်းဖို့ ကြိုးစားသည်။
“ ၀ှီး….ဖလပ်..ဖလပ်…ဖလပ်၊ ၀ှီး..” လေတိုတ်သဖြင့် မီးခြစ် ခြစ်ရတာအဆင်မပြေ။သည်ကြားထဲ လင်းဆွဲမည်းမည်းကြီးတစ်ကောင် ကျွန်ုပ် ရှေ့နားမှ ဖြတါပြန်သွားသဖြင့်
မီးကငြိမ်းသွားပြန်သည်။ လေး ငါး ခြောက်ကြိမ်လောက် ကြိုးစားမှမီးထွန်း၍ ရလေသည်။ မီးအုပ်ဆောင်း အတွင်းမှ ပုလင်းမီးခွက်ငယ်၏
အလင်းရောင်သည်သူစွမ်းသလောက်ထိုးဖောက်လင်းလက်လိုက်သဖြင့်ကျွန်ုပ်အားအနည်းငယ်တတ်
လာလေသည်။မီးခွက်ငယ်၏
ခပ်မှိန်မှိန်အလင်းရောင်ဖြင့်ကျွန်ုပ်မြင့်တွေ့ လိုက်ရသည်ကား ကွယ်လွန်သူတစ်ဦး၏ အမည်နှင့်အသက်ကို
ရေးထားသော မှတ်တိုင်တစ်ခု။ မှတ်တိုင်ပေါ်မှ အမည်နှင့်အသက်ကို ကျွန်ုပ်နှုတ်မှရေရွက် ကြည့်လိုက်သည်။
“ ဦးထွန်းခင်၊ အသက် ၆၅ နှစ်၊ဘုရား….ဘုရား….” မှတ်တိုင်၏ဘေးတွင်ကား သဏ္ဌာန်မကွဲသော ခပ်မည်းမည်းသစ်ငုတ်တိုတစ်ခု၊ထိုအရာသည်လူသဏ္ဌာန်နှင့်ခပ်ဆင်ဆင်တူပြီးမီးရောင်ကြောင့်
အခြားတစ်ဖက်သို့ လှုပ်ရှားသွားသည်။
“ ဟင်……လူ….လူ လူဗျ၊….အောင်မလေး….လူ….လူ..” ကျွန်ုပ်၏ အလန့် တစ်ကြား ဟစ်အော်သံ ဆံုးသည်နှင့် ထိုလူသဏ္ဌာန် သည်ရိပ်ခနဲပျောက်ကွယ်သွားလေသည်။ထိုအခြေနေ၌ ကျွန်ုပ်သည် တကိုယ်လုံးချွေးစေးများပြန်ကာ အရမ်းကိုစိတ်လှုပ်ရှားနေမိတော့သည်။ တင်္ဒဂ စိတ်အတွင်း ၌ လန်
့ဖျပ်သွားသော်လည်း စူးစမ်းချင်စိတ်များသော်လူငယ်ပီပီ ပျောက်ဆုံးသွားသော် လူအရိပ်သ
ဏ္ဌာန်ကိုဆက်လက်ရှာဖွေချင်နေမိသည်။ သို့ သော်လည်း ညကြီးအချိန်မတော် သင်္ချိုင်း ၌ ဆက်လက်ရှာဖွေရန်မှာ ထင်သလောက်မလွယ်ကူလှ၍
မီးအုတ်ဆောင်းကို မ ကာ လာ
ရာလမ်းလေးအတိုင်း လေးပင်သောခြေလှမ်းများဖြင့် ပြန်လာခဲ့မိတော့သည်။ခွေးနက်ကလေးလည်း
ဘယ်ဆီရောက်သွားမှန်းမသိပေ။ကျွန်ုပ်အသံပြု ၍ အော်ခေါ်ပါသော်လည်းပေါ်မလာတော့ပါချေ။
သိမ်ဟောင်းကြီးသို့ ကျွန်ုပ်ပြန်ရောက်သော်အခါ စိတ်များကဆောက်တည်ရာမရချင်တော့……။အလိုလိုနေရင်းချောက်ချားလာပြီး နားထဲ ၌ခွေးအူသံများ မပြတ်ကြားနေရသလိုမျက်လုံးထဲမှာလည်းချုံပုတ်နားကလူလိုလိုအရိပ်မည်းကြီးကိုပြန်မြင်ယောင်နေမိသည်။
ကျွန်ုပ်
ဘာတွေဖြစ်ခဲ့သလည်း?။ ခွေးနက်ကလေးကဘာကြောင့်
ပျောက်သွားရသလည်း..? ဦးထွန်းခင်ဆိုသော်လူကဘယ်သူလည်း..?
ကျွန်ုပ်နှင့်ဘယ်လိုပက်သက် နေသလည်း..?
မှတ်တိုင်နားက မည်းမည်းသဏ္ဌာန်ကြီးဟာ ဦးထွန်းခင်ပေလော..? ကျွန်ုပ်၏
ဦးခေါင်းသည် အဖြေရှာမရသော အတွေးစများဖြင့် ချာချာလည်နေတာ့သည်။ နောက်ဆုံးတွင် ကျွန်ုပ်သည် ကစဥ့်
ကလျားဖြစ်နေသော စိတ်တို့ ကိုစုစည်းကာမေတ္တာသုတ်ပရိတ်တော်ကို အကြိမ်ကြိမ် ရွတ်ဖတ်ပွားများရင်း
အိပ်ပျော်သွားလေတော့သည်။
နောက်နေ့ နောက်ညများတွင် မည်သို့ မျှထူးခြားမှု မရှိပါချေ။သို့ သော်လည်း ကြုံတွေ့ ခဲ့ရသော အခြင်း
ရာများသည် ကျွန်ုပ်၏ အတွေးစကို ရှည်ခဲ့စေတော့သည်။ ထိုအဖြစ်ပျက်များသည်
ကျွန်ုပ်အဖို့ အဖြေရှာမရသော ပဟေဠိတစ်ပုဒ် ဖြစ်နေသလို အမြဲတမ်း
ရွှင်ရွှင်လန်းလန်းနေတတ်သော ကျွန်ုပ်၏အမူရာများသည်လည်း တွေဝေငေးငိုင်သောအသွင်သစ် ဖြစ်စေခဲ့တော့၏။ကျွန်ုပ်၏စိတ်များသည်
လည်း
ကျောင်းစာထဲ၌မရှိတော့ပဲ ခွေးနက်ကလေးနှင့်လူလိုလိုအကောင်ဆီသို
့သာရောက်နေပါတော့သည်။
ထိုအဖြစ်ပျက်များ ဖြစ်ပွားပြီး(၈) ရက်ခန့် ကြာသော်အခါ
အဖြေကာရှင်းသွားလေတော့သည်။ထိုနေ့ ကား
ဥပုဒ်နေ့ မျု့ ရွာထဲမှ သက်ကြီးရွယ်အိုများ ရွာဦးကျောင်း၌ဥပုသ်သီလဆောက်တည်ရန် ရောက်လာကြသည်။ ထိုအထဲတွင် ကျွန်ုပ်လွန်စွာချစ်ခင်လေးစား ရပါသော ဦးသာဥာဏ် ဆိုသည့်
ရှေ့မှီနောက်မှီ အဘိုးကြီးတစ်ဥိး လည်းပါလာလေသည်။ ဦးသာဥာဏ် ကြီးက သိမ်ဟောင်းကြိး၏ လှေကားအဖင်းတွင်ထိုင်နေသော
ကျွန်ုပ်၏ အမူရာကို အဓိပ္ပာယ် ပါပါကြည့်ကာ……. “ လူကလေး နိုင်ဌေး၊မှိုင်လှချည်လား၊ ဘာတွေဖြစ်နေတာလည်းကွ၊ နေမကောင်းဘူးလား..? ”
“ ဘာမှမဖြစ်ပါဘူး အဘညာဏ်၊ ကျွန်တော်နေကောင်းပါတယ် ခင်ဗျာ ” “ နေကောင်းတယ်သာဆိုတယ်
လူကလေးရယ်…၊မင်းကြည့်ရတာ ငေးငေးငိုင်ငိုင်နဲ့ ၊ဒါကြောင့်လူကြီးတွေကပြောတာ၊သိမ်အိုကြီးမှာ တစ်ယောက်တည်းမအိပ်ပါနဲ့ ဆို၊ ဒါကိုလူကလေးကပြောမရဘူး၊ခေါင်းမာဘိသနဲ့ ကွယ်၊ခက်တော့တာပဲ။
ကိုင်း…ခု လူလေးဘာဖြစ်နေသလည်းကွယ် ” အဘဥာဏ်၏ စကားဆုံးတော့ကျွန်ုပ်အနည်းငယ်ငိုင်ကျသွားသည်။ဖြစ်ပျက်ခဲ့သမျှ
အကြောင်းရာများကို
ပြောသင့်မပြောသင့် ကျွန်ုပ်စဉ်းစားကြည့်မိသည်။ပြောပြလျှင်အဘဥာဏ်
ယုံမှယုံပါ့မလား..?။ထိုစဉ် ကျွနု၏ မျက်နှာကိုစူးစူးစိုက်စိုက်ကြည့်ကာအကဲခတ်နေသော်အဘဥာဏ်က……“လူလေးရယ်…..ဘာမှရှည်ရှည်ဝေးဝေး
လျှောက်စဉ်းစားမနေပါနဲ့ ၊မင်းဖြစ်နေတာတွေ ကြုံတွေ့ နေရတဲ့အခက်ခဲတွေကို
ဒီရွာမှာအဘဥာဏ်ကလွဲရင် မင်းဘယ့်သူ့ ကိုရင်ဖွင့်ပြောမလည်း၊ အဘဥာဏ်ကိုမှမယုံရင်မင်းဘယ့်သူ့ ကိုယုံမလည်း၊
ပြောစရာရှိတာသာပြော အဘဥာဏ် မင်းရှေ့ကရှိ့
တယ်..” “ ဒီလိုပါ အဘဥာဏ် ရယ်၊ဟိုလေ….ဟိုဒင်း…ပြီးခဲ့တဲ့ လကွယ်ညတုန်းက….”
ကျွန်ုပ်သည်
ဖြစ်ပျက်ကြုံတွေ့ ခဲ့ရသမျှ အကြောင်းစုံကို အဘဥာဏ် အားတစ်လုံးမကျန်ပြောပြလိုက်လေ၏။
အဘဥာဏ်သည် ခေါင်းတစ်ဆက်ဆက်ညှိတ်ကာ ကျွန်ုပ်ပြောသမျှကို
စိတ်ဝင်စားနေပြီး စကားဆုံးသောအခါ တဟားဟားနှင့်အားရပါးရ ရယ်ပါလေတော့သည်။ပြီးမှ…….
“ လူလေးရေ….မင်းတော့လူ့ ကပ်စေးကြီးဦးထွန်းခင်နဲ
့တွေ့ ခဲ့တာကိုးကွ ” “ ဗျာ…ဘယ်လို…၊ဆက်ပြောပါဦးဗျာ၊ဦး
ထွန်းခင်ဆိုတာ အခု၇ှိသေးလား..? စိတ်ဝင်စားလွန်းလို့ ပါ ” “ဒီလိုကွလူလေးရဲ့….၊တိုတိုပြောရရင် ဦးထွန်းခင်က ဂွသမား၊လူ့ ကန့် လန့် ကြီးတစ်ယောက်ပေါ့။အင်မတန်မှကပ်စေးနည်းတတ်သလို သူ
့ရဲ့ပစ္စည်း တွေကိုအရမ်းတွန့် တိုတတ်တယ်။ သူ့ မှာ အင်မတန်သူမြတ်နိုးတဲ့ ကျွန်းခုတင်ကြီးတစ် လုံးရှိတယ်။သူဟာဘယ်လောက်ထိ ကျွန်းခုတင်ကြီးကိုမြတ်နိုးသလည်းဆိုရင် အဲဒီခုတင်ပေါ်ကို သူ့ သားသမီးတွေတတ်တာတောင်
မကြိုက်ဘူး ”
အဘဥာဏ် သည် မောသွားဟန်ဖြင့် ပြောလက်စ စကားကိုခဏရပ်လိုက်သည်။ပြီးမှ
ချောင်းဟန့် ကာ ခံတွင်းရှင်းလိုက်ရင်း…… “ ကိုထွန်းခင်ဟာ သေတော့ သူအင်မတန်မြတ်နိုးတဲ့ ခုတင်ကြီးပေါ်မှာ သေတာ၊ လက်နှစ်ဖက်ကခုတင်ရဲ့ ခေါင်းရင်းဘက်က ပွတ်လုံး(၂) လုံးကို ကိုင်ပြီး
မျက်လုံးကြီးပြူး၊ လျှာကြီးထွက်ပြီး အသက်ထွက်သွားတာ၊သူသေတာကတော့ ကြာတော့ကြာပါပြီ လူလေးရယ်……” “ သူကဘာရောဂါနဲ့ သေတာလည်းအဘဥာဏ်..”
“ ရုတ်တရက် အပြင်းဖျာဲးပီးဆုံးတာ၊ ပါးစပ်ကလည်း ကယောင်ကတမ်းတွေ အော်ဟစ်တာကြောက်စရာကြီးပဲ လူကလေးရယ်..” “ ဪ…ဪ…” “ ဦးထွန်းခင် ဆုံးပြီးနောက်ပိုင်းမှာ သူ့ သားကြီး လင်းမြတ် ကအရက်တွေမူးပြီးခုတင်ပေါ်တတ်အိပ်တာ၊ ဒါပေမယ့်ကောင်းကောင်းမအိပ်လိုက်ရဘူး၊ခြေထောက်ကနေ
လာလာဆွဲချတာ။ပြီးတော့အိမ်မက်ဆိုးတွေ မက်ပြီး အိမ်မက်ထဲမှာ ဦးထွန်းခင်က လာရန်တွေ
့ပြီး ခွေးနဲ့ ရှုးတိုတ်တယ်တဲ့။သူ့ သားကြီးလိုပဲ သူ့ ခုတင်ကြီူပေါ်တတ်အိပ်တဲ့ လူအကုန်လုံးကို
ဒုက္ခအမျိုးမျိုးပေးပြီး ခြောက်လှန့် တယ်လေ..”
“ ဒါနဲ့ အဘဥာဏ် ခွေးနက်ကလေးက
ဘယ်လိုပါလာတာလည်းဗျာ.” “ ဒီလိုကွ လူကလေးရဲ့၊ အဘဥာဏ်က ပြောချင်ဇောနဲ့ မေ့သွားတာ၊ ဦးထွန်းခင်သေတော့ သူ့ ခွေးလေး မဲဂျစ်လည်းတိုတ်တိုတ်ဆိုင်ဆိုင် သေသွားရှာတယ်၊
အဲဒီတော့သူ့ သားသမီးတွေက သူ့ အဖေချစ်တဲ့ ခွေးနက်ကလေးကို သူ့ အဖေမြေပုံ
နားမှာပဲ ကပ်ပြီးမြှိုပ်ခဲ့ ကြတယ်လေ ” အဘဥာဏ် သည်မောသွားဟန်ဖြင့် ရေနွေးကြမ်းတစ်ခွက်ကိုခက် သွက်သွက်ငှဲ့ ပြီး အားရပါးရမော့သောက်ချလိုက်သည်။ပြီးနောက်သူ့ အကျင့်တိုင်းခုတွင်း၇ှင်းလိုက်ပြီး….. “ တိုတိုပြောရရင်ကွာ ဦးထွန်းခင်ရဲ့သားသမီးတွေက သူတို့ အဖေမြတ်နိုးတဲ့ ကျွန်းခုတင်ကြီးကိုအိမ်မှာမထားရဲတဲ့အဆုံးမှာ
ရွာဦးကျောင်းကိုပို့ လိုက်ကြတယ် ” “ ဟင်…ဒါဆို
အဲဒီခုတင်ကြီးက ဘယ်မှာလဲ..? ” “ ဟား..ဟား လူကလေးရ၊ အဲဒီခုတင်ကြီးက မင်းညတိုင်းအိပ်နေတဲ့သိမ်ပေါ်က ခုတင်ကြီးပေါ့ကွ၊ဟား…ဟား..ဟား…” “ ဗျာ….ဘယ်လို…ဘယ်လို ” “ ဟုတ်တယ် လူလေး၊ဦးထွန်းခင်ကြီးဟာ သူ့ ရဲ့
ပစ္စည်းတွေကို စွဲလန်းတဲ့စိတ်နဲ
့မကျွတ်သေးဘးဆိုတာသေချာတယ်။လူလေးကြုံတွေ့ ရတဲ့ အဖြစ်ပျက်တွေရဆို သူကခြောက်လှန့် တာမဟုတ်ပါဘူး။သူမကျွတ်သေးကြောင်း အမျှအတန်းပေးဝေဖို
့အကြောင်း မင်းကိုအသိပေးတာပေါ့ကွာ၊
ခြုံပြောရရင် သာဓုခေါ်ချင်လို့ ပေါ့ကွာ…” “ ဟုတ်ပါ့မလား အဘရယ်၊ဒီခုတင်ကြီးမှာကျွန်တော်အိပ်လာတာကြာပြီ၊အသိပေးချင်ရင်ဟိုအရင်ကတည်းကပြောရောပေါ့၊
အသိပေးပေါ့..”
“ ဒါကဒီလိုရှိတယ်ကွယ့်၊ လူတွေမှာ ကံမြင့်ချိန်၊ကံနိမ့်ချိန်ဆိုတာ ရှိတယ်ကွ၊သူတို့ ကအသိပေးချင်ပေမယ့် လူကလေးရဲ့ကံက
မြင့်နေရင် အသိပေးလို့ မရဘူးလေ၊အခုချိန်မှာ
လူလေးကံနိမ့်နေချိန်မို့ သူက အသိပေးလို့ ရတာကွ ” “ သိမ်အိုကြီးပေါ်က ခုတင်ကရော ဦးထွန်းခင်ရဲ့ ခုတင်တာဆိုတာသေချာရဲ့လားဗျာ၊ ဒီခုတင်ကို ကျောင်းကိုရေစက်ချပြီး ဘာလို့ မလှုတာလဲ၊
ပို့ ရုံပို့ ထားတာလား ” “ ဟုတ်တယ်လူလေးရေ. .. ..၊အဲဒီတုန်းက ကာလအခြေနေမကောင်းတာနဲ့  သိမ်အိုကြီးပေါ် မ
တင်ပြီး ပို့ ထားရုံပို့ ထားကြတာလေ။
နောက်ပြီး အဲဒီအချိန်က ရွာဦးကျောင်းမှာ ကျောင်းထိုင်ဆရာတော်အိုကြီး
ပျံလွန်တော်မူပြီး ကျောင်းထိုင်အသစ် မတတ်သေးတဲ့ အချိန်ကာလဖြစ်နေတာကိုးကွယ့်၊ ဦးထွန်းခင် ခုတင်
သေချာလားမသေချာလားကတော့ အဘဥာဏ်ကိုယ်တိုင်လိုက်ပြမယ်….”
အဘဥာဏ်သည်
ပြောပြောဆိုဆိုနှင့်ပင် ကျွန်ုပ်အိပ်စက်နေကျ သိမ်အိုကြီးပေါ်မှ ခုတင်ကြီးဆီသို
့ခေါ်သွားပါတော့သည်။ခုတင်ဆီရောက်သောအခါ ခုတင်အား မ ၍နံရံနှင့် ကပ်လျက်ရှိသော
ခုတင်၏ခေါင်းရင်းဘက် မျက်နှာစာကိုကန့် လန့် ဆွဲလှည့်လိုက်သောအခါ…….“ ထွန်းခင် ” ဟူသော သစ်သားပေါ်တွင်ထွင်းကာ ရေးထားသည့်အမည်ကို
ထင်ရှားစွာ တွေ့ မြင်လိုက်ရပါသည်။ ထို့ နောက်အဘဥာဏ်က ဘယ်လိုလဲဟူသော အဓိပ္ပာယ်ဖြင့်
ကျွန်ုပ်အား မေးဆတ်ပြလေသည်။ပြီးမှ…. “ ယုံပြီလား လူလေး ” “ ဟုတ်ကဲ့ အဘ၊ယုံပါပြီခင်ဗျာ ” “ ကိုင်း…….ယုံရင် ဘုရားရှိခိုး၊မေတ္တာပို့ ပြီးတိုင်း အမျှဝေတဲ့အခါ ပစ္စည်းဥစ္စာတွယ်တာစွဲလမ်းတဲ့စိတ်နဲ
့မကျွတ်မလွတ်ဖြစ်နေတဲ့ဦးထွန်းခင်ကို သီးခြား
အမျှဝေပေးဖို့ မမေ့နဲ့ ၊ကြားလား ” “ ဟုတ်ကဲ့ အဘ ” “ လောကမှာ တစ္ဆေ၊သရဲ၊ပြိတ္တာဆိုတဲ့ မမြင်ရတဲ့ဘုံဌာနကပရလောကသားတွေအကြောင်းကိုလူလေးကြီးလာရင်သည့်ထက်ပိုသိရဦးမှာပါ၊
သူတို
့တစ်တွေဟာ အင်မတန်သနားစရာကောင်းပါတယ်။လူတွေပေးတဲ့အမျှကို သာဓုခေါ်ချင်ရှာကြပေမယ့်
ခေါ်ခွင့်မရသေးတဲ့ကာလစပ်ကြားမှာ ဒုက္ခဆင်းရမျြားနဲ့  သံသရာလည်နေကြရရှာပါတယ်။သာဓုခေါ်ချင်လို
့လူတွေကိုအသိပေးပြန်တော့လည်း လူတွေက သရဲ
ခြောက်တယ်၊ တစ္ဆေခြောက်တယ်ဆိုပြီး သွားပုန်လေလွင့်သတင်းတွေလွင့်ကြ
ပရိတ်သဲမန်းတွေနဲ့ ပက်ကြ၊နေစရာအပင်တွေကိုမီးရှို့ ကြ၊ပရောဂဆရာတွေနဲ့  ပေါက်တတ်ကရတွေ
လုပ်ကြဆိုတော့
ဒုက္ခများကြတာပေါ့ ” “ ဪ…သနားစရာပဲနော် ” “အမှန်တော့လူလေးရယ် လောကမှာမေတ္တာတရားထားကြဖို့ သာလိုရင်းပါ၊ ကိုယ်ဟာ ဒုက္ခဆိုတဲ့အရာ
ကိုမလိုချင်သလို သူတစ်ပါးလည်းဒီလိုပါပဲ၊ ဒီတော့တစ်ဦးနဲ
့တစ်ဦးကြားမှာ အဖြူစင် အမွန်မြတ်ဆုံးနှလုံးသားနဲ့ မေတ္တာတရားထားကြဖို့ အဓိကပဲလူလေး၊ အားငယ်သူ(နိမ့်သူ) ကိုလည်းအနိုင်မယူနဲ
့၊အားကြီးသူ(မြင့်သူ)ကိုလည်း ကြောက်ရွံ့ စရာမလိုဘူး။ကိုယ်ချင်းစာနာမှု၊အမှန်တရားကို ချစ်မြတ်နိုးမှု၊
အပြန်အလှန်လေးစားချစ်ခင်မှုတွေနဲ့ နေထိုင်သွားကြဖို့ ပဲ။ အဓိက ကတော့ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားရဲ့ အဆုံးအမနဲ့ အညီ
ချုပ်ငြိမ်းလွတ်မြောက်ရလမ်းဆီ လှမ်းချီရမယ်ကွဲ့  ” “ ဟုတ်ကဲ့ပါ၊ အဘဥာဏ် ” “ ကိုင်း…..လူကလေးရယ်၊ စကားပြောတာ အချိန်တွေလည်းတော်တော်
ကြာသွားပြီ။ စာကျက်စရာ၇ှိတာ ကျက်လိုက်ဦး၊ လူတော်လူကောင်းဖြစ်အောင်
ကြိုးစား အရွယ်ရောက်လို့ လူလေးဖြစ်ချင်တဲ့ ပညာတတ် တစ်ယောက်ဖြစ်အောင်လို့ ပေါ့ကွယ်၊ ကိုင်း….အဘလည်းသွားလိုက်ဦးမယ်ကွယ် ”
ဆက်လက်ကြိုးစားပါဦးမည်………………….
မှတ်ချက်။ ။ဇာတ်လမ်းကျောရိုးကိုပြောပြသော သူငယ်ချင်းနိုင်ဌေး
ကိုအထူးပင်ကျေးဇူးတင်ရှိပါသည်။
No comments:
Post a Comment
......ကြိုက်ဒါဝေဖန်သွားပါ........