Sunday, January 29, 2012

USB Drive အတွင်းမှ Virus ကိုရှာဖွေရှင်းလင်းခြင်း


USB Stick အပါအ၀င် USB Port မှာတပ်ဆင်မဲ့ Media Drive တွေမှာ Virus တွေပါလာလို့ ရှာဖွေရှင်းလင်းဖို့ လိုတဲ့အခါ အလွယ်ကူဆုံး နည်းလမ်းတွေနဲ့ ၀င်ရောက်ရှင်းလင်းပါ့မယ်။
        USB Port တွင် USB Stick ကိုတပ်ဆင်လိုက်ပါက။ (ဥပမာအနေနှင့် USB Memory Stick ကိုသုံးပြထားပါတယ်)
        Start => Run တွင် cmd လို့ထည့်သွင်းပြီး Enter Key ခေါက်လိုက်ပါ။ Command Prompt Program ပွင့်လာပါလိမ့်မယ်။

        C:\Document and Settings\user name>

        လို့ဖော်ပြထားတဲ့အတွက် Drive C: အောက်ကိုတိုက်ရိုက်သွားရန် > နောက်မှ cd\ လို့ထည့်ပြီးခေါက်ပါ။ C:\> လို့ပြောင်းသွားပါ့မယ်။ Document and Settings တွေ၊ User name တွေကိုဖြုတ်လိုက်တာပါ။  မှတ်ထားလိုက်ပါ။ cd\ ဆိုတာ Drive Letter ကိုတိုက်ရိုက်သွားတာပါ။ လက်ရှိ  ကွန်ပျူတာမှာ Harddisk ကို Partition လေးပိုင်း ပိုင်းထားတာကြောင့် C; D; E; F: နှင့် DVD Drive တစ်လုံးပါရှိပါသဖြင့် G: တစ်ခုရထားပြီဖြစ်လို့ USB Media Drive တွေကို H: ကစပြီးသတ်မှတ်ပါတယ်။

        C:\>dir h:\a

        လို့ရိုက်လိုက်ပါ။ အတွင်းရှိသမျှ ဖိုင်တွေကို ဖွက်ထား၊ ဖျောက်ထားပေမယ့် တွေ့မြင်ရပါမယ်။ ဒါကတော့ \a ကြောင့်ဖြစ်ပါတယ်။ မြင်ရပေမယ့် မဖျက်နိုင်သေးပါဘူး။ အတော်များများဟာ ၎င်းတို့ဖိုင်များကို အလွယ်တကူ မဖျက်နိုင်ရန် နည်းမျိုးစုံစီစဉ်ထားပါတယ်။ ထိုအထဲမှာ ယခုကဏ္ဍနှင့် သက်ဆိုင် တာကတော့ System, Hidden, ReadOnly များလုပ်ထားခြင်းပါ။

        System အဖြစ်သတ်မှတ်ထားတဲ့အတွက် ရွှေ့ခွင့်၊ ဖျက်ခွင့်မရှိပါဘူး။ Hidden လုပ်ထားတဲ့အတွက် မြင်ကွင်းမှာရှိမနေပါဘူး။ ReadOnly သတ်မှတ်လိုက်တော့ ပြင်ဆင်ခွင့်မရပြန်ပါဘူး။

        ဒါတွေကိုပြန်ဖြုတ်မှသာ Virus File ကိုဖျက်နိုင်မှာပါ။ ပြန်ဖြုတ်ရမယ့် Key Word ကတော့ Attribute ဖြစ်ပါတယ်။ Command Key အတိုက attrib ဖြစ်လို့ ဒီလိုရိုက်လိုက်ပါ။

        C:>attrib h:\*.* -s-r-h

        C:>attrib h:\*.inf-s-r-h

        C:>attrib h:\*.exe-s-r-h

        *.* ကတော့ ရှိသမျှမည်သည့်ဖိုင်ပုံစံမဆို အားလုံးကိုပြောလိုက်တာပါ။

-s-r-h က System ,Hidden, ReadOnly တွေကိုဖြုတ်လိုက်တာပါ။ *.inf ကတော့ရှိသမျှ AutoRun ဖိုင်များကို ပြင်ဆင်စေတာပါ။ *.exe ကလည်းအလားတူပါပဲ ရှိသမျှ exe ဖိုင်တွေကိုပြောင်းလဲတာပါပဲ။ မိမိအနေနဲ့ခေါ်ကြည့်တဲ့အခါ အခြားသောဖိုင်ပုံစံများဖြင့် ရှိခဲ့လျှင်လည်း  *.နောက်မှာဖြည့်သွင်းထည့်နိုင်ပါတယ်။ *.* ဟာ Externel Command မှာတော့ အားသိပ်မကောင်းတဲ့အတွက် တခါတရံတစ်ချို့ ဖိုင်တွေကို သီးသန့်ခွဲပြောပေးဖို့ လိုတတ်ပါတယ်။  ဒါဆိုဘယ်ဖိုင်ကိုဖျက်မှာလဲရွေးနိုင်ပါပြီ။ ဖျက်ရမယ့် Command ကတော့ Del ဖြစ်ပါတယ်။ အားလုံးကိုခြုံပြီး

အစမှအဆုံး Command များကို ဖော်ပြရလျှင်-

 

        C:\Document and Settings\Username>cd\

        C:\>

 

        C:\>dir h:\a

        Autorun.inf

        Virusname.exe

        Other file and Folder -----------

       

        C:\>attrib h:\*.* -s-r-h

 

        C:\>del h:\autorun.inf

        C:\>del h:\virusname.exe

        ဒီလောက်ဆိုလျှင် မိမိကိုယ်တိုင်ရှင်းနိုင်ပြီထင်ပါတယ်။ သတိထား ရမှာကတော့ ဖျက်တဲ့အခါ *.* မသုံးသင့်ပါ။ အားလုံးကိုဖျက်ခိုင်းတာ ဖြစ်နေတဲ့ အတွက် စာဖတ်သူအတွက် အခြားအရေးကြီး ဖိုင်များပါ ဖျက်လိုက်တဲ့ ထဲပါသွား မှာပါ။ မိမိအနေနဲ့ ဓာတ်ပုံတွေရိုက်ထားပြီး ပုံတွေမမြင်ရတဲ့အခါ C:\>attrib h:\*.* -h သုံးလျှင်ပြန်လည်တွေ့မြင်နိုင်ပါပြီ။

No comments:

Post a Comment

......ကြိုက်ဒါဝေဖန်သွားပါ........