Tuesday, March 13, 2012

0 Windows 7 မှာ System and Security ကို တစ်နေရာတည်းကနေ ထိန်းချုပ်ဖို့အတွက်

ကျွန်တော်တို့ အသုံးပြုနေတဲ့ Windows 7 မှာ System and Security ပိုင်းဆိုင်ရာ တစ်ခုခုမှ မိမိ ပြင်လိုတဲ့ အပိုင်းရှိတယ်ဆိုရင် Start\Control Panel\System and Security ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သွားရောက်ပြုပြင်ရပါတယ်.....System and Security ခေါင်းစဉ်အောက်မှာရှိတဲ့ အချက်အလက်တွေအားလုံးကို တစ်နေရာတည်းကနေ အလွယ်တစ်ကူ ပြုပြင်နိုင်ဖို့အတွက် God Mode လို့ခေါ်တဲ့ All Setting တစ်ခုကို တည်ဆောက်မယ့် နည်းလမ်းပဲ ဖြစ်ပါတယ်....

ပထမဆုံး မိမိတည်ဆောင်လိုတဲ့ နေရာမှာ Ctrl+Shift+N သို့မဟုတ် Right Click\New\Folder ဆိုပြီး Folder အသစ်တစ်ခု တည်ဆောက်ပါ့မယ်....တည်ဆောက်ပြီးပြီး ဆိုရင်တော့ အောက်ပါ Code ကို Copy ကူးလိုက်ပါ.....

All Settings.{ED7BA470-8E54-465E-825C-99712043E01C}
ကူးပြီးပြီ ဆိုတာနဲ့ အစက တည်ဆောက်ထားတဲ့ Folder ကို Rename ပေးဖို့အတွက် F2 Key
ကို နှိပ်လိုက်ပါ...ထို့နောက် အစက ကူးလာတဲ့ Code ကို Paste ပေးပြီး Enter ခေါက်လိုက်ရင် God Mode တစ်ခုအဖြစ်ရရှိလာမှာပဲ ဖြစ်ပါတယ်....
ကျွန်တော်တို့ တည်ဆောက်ချင်တဲ့ System and Security ရဲ့ Setting အားလုံးကို တစ်နေရာတည်းကနေ ထိန်းချုပ်နိုင်တော့မှာပဲ ဖြစ်ပါတယ်

No comments:

Post a Comment

......ကြိုက်ဒါဝေဖန်သွားပါ........