Sunday, July 29, 2012

Google chrome မှာ screen capture ထည့်နည်း

တခါတရံ အင်တာနက်ထဲကမိမိတို့ ကြိုက်နှစ်သက်တဲ့ ဓါတ်ပုံလေးတွေကို
လိုချင်တဲ့နေ ရာလေးကိုဘဲ ဒီ Chrome Browser ကိုအသုံးပြုပြီး အလွယ်
တကူဖြတ်တောက်ရယူနိုင်တဲ့ add-ons လေးအကြောင်းဘဲဖြစ်ပါတယ်.
အရမ်းအစဉ်ပြေ တယ်ဆိုတာသုံးကြည့်မှ သိမှာဖြစ်ပါတယ်. ဒီကောင်လေး ကို
Chrome Browser မှာ ထည့်သွင်းထားခြင်း အားဖြင့် မည်သည့် screen capture software မှ
အသုံးပြုနေစရာ မလိုပါဘူး. အသုံးပြုနည်းကလဲမခက်တဲ့အတွက် အကျယ်တဝင့် မပြောတော့ပါဘူး
ဒီကောင်လေးထည့်သွင်းနည်းကိုဘဲ ပြောပြပါတော့မည်။



step| 1 |Chrome Browser ကိုဖွင့်ပြီး ပုံ- ၁ အတိုင်း ဝိုင်းထားတဲ့ နေရာလေးကို Click လိုက်ပါ။
step| 2 | Chrome web store ပွင့်လာရင် ဘယ်ဘက်ဘေးက search box မှာ  screen capture
ဆိုပြီး ရိုက်ပြီးရှာလိုက်ပါ။မိတ်ဆွေများ ပုံ - ၂ ကိုဆက်ကြည့်ပါ။
step| 3 | အထက်ပါအတိုင်း Add-ons လေးထည့်ပြီးသွားတဲ့ နောက်မှာတော့ ပုံ - ၃ အတိုင်းတွေ့ မြင်ရမှာ ဖြစ်ပါတယ်။




step| 4 |အခုဆိုရင်တော့ မိမိတို့ ဒီကောင်လေးကိုစတင်အသုံးပြုနိုင်ပြီဖြစ်တဲ့ အတွက် ပုံ - ၄ အတိုင်း
မိမိတို့ လိုချင်တဲ့ နေရာလေးတွေကို ဖြတ်တောက်နိုင်ပြီးဖြစ်ပါတယ်။





No comments:

Post a Comment

......ကြိုက်ဒါဝေဖန်သွားပါ........