Thursday, December 20, 2012

HACKING Information


အခြား အခြားသော forumတွေ၊ websiteတွေမှာ "Email ကို ကျနော်တို့ ဘယ်လို hack နိုင်သလဲ?
ခင်ဗျားကျွန်နော့်အတွက် hack ပေးနိုင်မလား ? ဆိုပြီး သန်းပေါင်းများစွာသောလူတွေ မေးနေကြတာကို
သတိပြုမိကြမယ် ထင်ပါတယ်။ ဒီ့အတွက်ကြောင့် ဒီ post ဖြစ်လာရတာဖြစ်ပြီး သင့်အတွက် hacking နဲ့
ဆိုင်တဲ့ အခြေခံအတွေးအခေါ်လေးတွေကို ဖော်ပြထားမှာ ဖြစ်ပါတယ်။ ဒါတွေကို ဘယ်လိုဆင့်ပွားပြီး
အသုံးချရမယ်ဆိုတာကတော့ သင် ကိုယ့်ကိုကိုယ် အားကိုးရပါလိမ့်မယ်။
နောက်ခံအခြေအနေ
Hack တဲ့ နည်းလမ်းတွေကို Windows 98 ဒီဇိုင်းပြုလုပ်ပြီးကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။
Hacking ဆိုတာ အခြေခံအားဖြင့်တော့ ပျော့ကွက် ဟာကွက် ကွင်းဆက်တွေကို ရှာဖွေပြီး
၎င်းတို့ထဲကမှာ အချို့ယိုစိမ့်နိုင်တဲ့ holeတွေကနေ information တွေထွက်လာအောင်
ကြိုးစားတာဖြစ်ပြီး မိမိအတွက် အရေးပါနိုင်တဲ့ Passwordများ၊ Credit Card နဲ့သက်ဆိုင်တဲ့
အသေးစိတ်အချက်အလက်များကို ရယူချင် ရယူနိုင်ပါတယ်။ တခါတရံမှာတော့ ပုဂ္ဂိုလ်ရေးဆိုင်ရာ
တိုက်ခိုက်မှုတွေအတွက် အသုံးပြုကြပါတယ်။
သတိပြုရန်အကြောင်းအရာ
ကျွန်နော် အကြံပေးချင်တာကတော့ ကောင်းမွန်တဲ့ Site တွေကနေ ဆောင်းပါးတွေ၊
ပို့ချချက်တွေကို သေချာဖတ်ရှုလေ့လာဖို့လိုပါတယ်။ ဒါဟာ မိမိအတွက် Hacking ကို လေ့လာခြင်းမှာ
တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်။
မိတ်ဆက်
အဓိကကျတဲ့ အချက်တွေ ကိုပဲ ဖော်ပြပြီး hacking နည်းလမ်း အချို့ ကို
အကျဉ်းချုပ် ဆွေးနွေးသွားမှာဖြစ်ပါတယ်။ Hacking မှာ အခြေခံအားဖြင့် အဓိကကျတဲ့
အပိုင်း နှစ်ပိုင်းအနေနဲ့ ကွဲထွက်နေပါတယ်။ အဲဒါကတော့...
၁။ Email (သို့) User information
၂။ Web based hacking တို့ပဲဖြစ်ပါတယ်။
Email (သို့) User information
ယနေ့အချိန်ကာလများမှာ အများဆုံးအသုံးပြုနေကျဖြစ်တဲ့ ၊ Email, Passwords, Credit Card
details စတဲ့ user information များကို hack တဲ့အခါ ကျော်ကြားနေတဲ့
နည်းလမ်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်...
(က) Phishing
( ခ ) Brute Forcing
( ဂ ) Keylogging
(ဃ) Trojans

(က) Phishing
Phishing ဆိုတာကတော့ ပုံမှန်အားဖြင့် ထူးခြားတဲ့ တိုက်ခိုက်မှုတစ်ခုဖြစ်ပါတယ်။ hacker တွေက
အချို့ website (သို့) gmail နဲ့ လုံးဝနီးပါးဆင်တူတဲ့ page တစ်ခုကို ဖန်တီးလိုက်ခြင်းဖြစ်ပါတယ်။ ဒီ
page တွေကို hacker တွေက သူတို့ရဲ့ ကိုယ်ပိုင် server တွေမှာ upload လုပ်ကြပါတယ်။ အဲဒီနောက်
user အသစ်တွေဆီကို အဲဒီ link တွေပေးပို့ပါတယ်။ user တွေက အဲဒီ link ကိုဖွင့်လိုက်တဲ့ အခါ
user တွေ အနေနဲ့ သူတို့ ရောက်ချင်တဲ့ website (သို့) gmail လို့ထင်ပြီး သူတို့ရဲ့ username နဲ့
password တွေကို ရိုက်ထည့်ပြီး sign in (သို့) submit ကို click လိုက်ပြီဆိုရင်တော့ အဲဒီ user ရဲ့
information တွေကို hacker ကရရှိသွားပါပြီ။ ဒီနည်းလမ်းကို hacking လောကထဲကို
ဝင်ရောက်ဖို့ကြိုးစားနေကြတဲ့ လူသစ်တွေ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေတဲ့
နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ဒီနည်းလမ်းကို အသုံးပြုပြီး အိန္ဒိယမှာ ရှိတဲ့ ICICI bank နဲ့ပတ်သတ်ပြီး ဖြစ်ခဲ့တဲ့ သာဓက
တစ်ခုရှိပါတယ်။ များစွာသော user info တွေကို ဒီနည်းလမ်းကို အသုံးပြုပြီး အခိုးခံခဲ့ရတာဖြစ်ပါတယ်။
အားနည်းချက် :
လူတော်တော်များများက ဒီနည်းလမ်းကို အသုံးပြုဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းမှာ
အားနည်းချက်တစ်ခုရှိနေပါတယ် အဲဒါကတော့ သားကောင်ဟာ internet နဲ့ပတ်သတ်ပြီး ဗဟုသုတ
အနည်းငယ်ရှိရုံနဲ့ ဒီ page ဟာ အစစ်မဟုတ်မှန်းသိနိုင်ပါတယ်... ဘာကြောင့်လဲဆိုတော့ သူက URL
ကို ဖတ်ကြည့်မယ် ဒါဆိုရင် မူရင်း website မဟုတ်ဘူးဆိုတာကို နားလည်သွားနိုင်ပါတယ်။
( ခ ) Brute Forcing
Brute Forcer ဆိုတာကတော့ အခြေခံအားဖြင့် cracker လို့ခေါ်ဆိုနိုင်တဲ့ program တစ်ခုဖြစ်ပါတယ်။
အဲဒီ Brute Forcer ထဲမှာသင်က မိမိ hack ချင်တဲ့ username ကို ထည့်သွင်းရပါမယ်...ပြီးတော့
notepad file တစ်ခုကိုလည်း password တစ်ခုကဲ့သို့ထည့်သွင်းရမှာဖြစ်ပြီး အဲဒီ notepad ထဲမှာ
ရှိသမျှ အားလုံးနီးပါး အင်္ဂလိပ်ဘာသာစာလုံးတွေ ပါရှိရမှာဖြစ်ပါတယ်။ ၄င်းက
ဘယ်လိုအလုပ်လုပ်သလဲဆိုတော့ password မှာပါတဲ့ စာလုံးတစ်လုံးစီတိုင်းအတွက် notepad file
ထဲမှာ ရှိသမျှ စာလုံးတိုင်းနဲ့ တိုက်ကြည့်ပါတယ်။ အားလုံးတူညီသွားပြီ ဆိုရင်တော့ ပွဲသိမ်းပဲပေါ့...။
တခြား forum တွေမှာ " huge pass list" ဆိုတဲ့ ခေါင်းစဉ်ကို သတိပြုမိချင်ပြုမိပါလိမ့်မယ်။ ၄င်းတို့က
ဘာမှတော့မဟုတ်ပါဘူး...ဒါပေမယ့် မိမိရဲ့ bruteforcer ထဲကို ထည့်သွင်းဖို့ password
list ဖြစ်ပါတယ်။
အားနည်းချက် :
၁။ တခါတရံမှာ brute forcing ဟာ အချိန်အလွန်ကြာမြင့်တတ်ပါတယ်။
၂။ ၄င်းဟာ အာမခံချက် မရှိပါဘူး
၃။ ယနေ့အချိန်ကာလမှာဆိုရင် လူတော်တော်များများဟာ alpha-numeric-symbol
password တွေရှိနေကြပါပြီ။ bruteforcer အတွက် ၄င်းတို့က detect လုပ်ဖို့ အလွန်ခက်ခဲပါတယ်။
၎။ ကျော်ကြားတဲ့ gmail ကဲ့သို့သော site တွေမှာ ပြုလုပ်ထားတဲ့ ဒီဇိုင်းတစ်ခုကတော့
loginုလုပ်တဲ့အခါ ၃ ခါထက်ကျော်ပြီး မှားယွင်းနေပြီးဆိုရင် ၄င်းတို့ က "image captcha"
ကိုထည့်လိုက်တဲ့အတွက် bruteforcer ကို ရပ်သွားစေပါတယ်။
( ဂ ) Keylogging
Keylogger ကတော့ "server" လို့ ခေါ်ဆိုနိုင်တဲ့ file သေးသေးလေးတွေကို ဖန်တီးဖို့အတွက် သင့်ကို
ကူညီပေးပါလိမ့်မယ်။ သင်က သင့်ရဲ့ server ကို သားကောင် ဆီသို့ ပေးပို့ရမှာဖြစ်ပါတယ်။ သင့်ရဲ့
သားကောင်က အဲဒီအပေါ်မှာ click လိုက်ရင်တော့ ကိစ္စပြီး ပါပြီ။
ဒီနည်းလမ်းဟာ တစ်စုံတစ်ယောက်ကို hack ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။
Keylogger ဆိုတာကတော့ သင့်သားကောင်ရဲ့ computer ထဲမှာ သူဟာသူ install လုပ်နိုင်တဲ့
program တစ်ခုဖြစ်ပြီး သင့်သားကောင်က သူ့ရဲ့ keyboard ပေါ်မှာ ရိုက်လိုက်သမျှ
keystrokeတိုင်းကို မှတ်တမ်းတင်ထားပါတယ်။ ပြီးရင် ၄င်းက မှတ်တမ်းတင်လို့ ရသမျှတွေကို hacker
ဆီသို့ပေးပို့ပါတယ်။ keystroke ( ဆိုလိုတာက FTP, Email , Messengers ) ကို လက်ခံရရှိဖို့
အများကြီးလမ်းရှိပါတယ်။ ကျနော့်အနေနဲ့ပြောရရင် ဒီနည်းလမ်းဟာ သင့်ရဲ့ သားကောင်ကို
လှည့်စားပြီး သူတို့ရဲ့ information တွေကို ရယူဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။ (
Keylogger Collection )
အားနည်းချက် :
၁။ သင့်ရဲ့ သားကောင်က keylogger ကိုလက်ခံရရှိတဲ့ အခါ သူတို့ရဲ့ antivirus တွေက keylogger ကို
အလိုအလျှောက် delete လုပ်လိုက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် သင်အနေနဲ့ တစ်စုံတစ်ရာ
လှည့်ဖြားခြင်းအားဖြင့် antivirus ကို disable လုပ်ဖို့ စည်းရုံးသိမ်းသွင်းရမှာ ဖြစ်ပါတယ်။
၂။ တခါတရံမှာ keylogတွေကို ပေးပို့နေတဲ့အချိန်မှာ firewall က block
လုပ်လိုက်ခြင်းများပဲ ဖြစ်ပါတယ်။
အကြံပြုချက် - ကျနော်အကြံပေးလိုတာကတော့ "crypters" လို့ခေါ်တဲ့ program တွေကို
အသုံးပြုဖို့ပါပဲ။ ၄င်းတို့က သင့်ရဲ့ server တွေကို ရှာဖွေမတွေ့ပဲ ပြုလုပ်နိုင်စေဖို့ကူညီပေးပါလိမ့်မယ်။
ဒါဆိုရင် သင့်သားကောင်ရဲ့ anti-virus တွေက ၄င်းတို့ကို detect မလုပ်နိုင်တော့ပါဘူး။ Anti-Virus နဲ့
တူတူပုန်းတမ်းကစားကြမယ် ဆိုတဲ့ post မှာ Crypter တွေကို တင်ပေးထားခဲ့ပြီး ဖြစ်ပါတယ်။
(ဃ) Trojans
Trojan တွေကတော့ keyloggerတွေရဲ့ ဖခင် နဲ့တူပါတယ်။ Trojan တွေက အပေါ်မှာ ဖော်ပြခဲ့တဲ့
keylogger တွေအတိုင်းပဲ သင့်ဆီကို keylog တွေ ပေးပို့ပါတယ်။ ဒါ့အပြင် ၄င်းတို့က
သင့်သားကောင်းရဲ့ computer ကို သင် ထိန်းချုပ်မှု ရစေပါတယ်။ သင့်သားကောင်ရဲ့ computer မှာ
သင့်စိတ်ကြိုက် fileတွေ ကို Edit / delete/ upload/ download လုပ်နိုင်ပါတယ်။ Trojan တွေမှာ
keyboard ကို ကောင်းကောင်း အလုပ်မလုပ်အောင် ( keyboard မှာ ကိုယ်နှိပ်လိုက်တဲ့ စာလုံးက
တစ်ခု ပေါ်နေတာက တစ်ခု ပေါ်ချင်တဲ့ စာလုံးလျှောက်ပေါ်နေတာ၊ တခါတလေ keys တွေကို
ရိုက်လို့ရတဲ့ အခါ ရတယ် မရတဲ့ အခါလည်း မရဘူး အဲလိုမျိုးတွေပေါ့ )၊ CD ROM တွေ Eject လုပ်တဲ့
အခါ ထွက်မလာတာ ၊ CD ပြန်ထည့်ပေးဖို့အတွက် တောင်းဆိုတာ စသဖြင့် အခြား အခြားသော
feature တွေလည်း ပါဝင်ပါသေးတယ်။ ( Trojan Toolများ )
အားနည်းချက် :
keylogger တွေနဲ့ အတူတူပါပဲ။
အကြံပြုချက် - keylogger မှာ အကြုံပြုခဲ့သလိုပါပဲ crypter တွေသုံးပါ။

No comments:

Post a Comment

......ကြိုက်ဒါဝေဖန်သွားပါ........