ကျွန်တော်ညီလေးတစ်ယောက်ရဲ့ကိုယ်တိုင်ရေးကဗျာများကို ရင်ဘတ်ကြီးနဲ့ ဖတ်ကြည့်ကြပါအုန်း။
"သူငယ်ချင်းချစ်သူ”
သူငယ်ချင်း ...
ချစ်သူ ......
အချစ်နဲ့ပတ်သက်ပြီး
နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ငါက
အချစ်ကိုအတ္တလို.လက်ကိုင်ထားတဲ့
မင်းအပေါ်ချစ်ပါတယ်လို့ဖွင့်ဟ၀န်ခံခဲ့ရင်
မင်းဘယ်လိုခံစားရမလဲ
တွေခွင့်ဆုံခွင့်ကြုံခွင့်တွေရဲ့ကြားမှာ
သံယောဇဉ်ကြိုးလေးတစ်မျှင်လောက်
ကျန်နေအုံးမယ်ဆိုရင်ယုံကြည်မှုရော
ပေးနိုင်ပါ့မလား
မင်းရဲ့နှလုံးသားကရင်ခုန်ခဲ့တယ်ဆိုရင်တောင်
သိက္ခာတရားနဲ့နှလုံးသား
မင်းဘယ်အရာကိုရွေးမလဲ
ဘာပဲဖြစ်ဖြစ်
အချစ်နဲ့ပတ်သက်ပြီး
အချစ်တွေများခဲ့တဲ့ငါက
မင်းကိုအတ္တကင်းတဲ့ချစ်ခြင်းတွေနဲ့
ချစ်ခဲ့တယ်လို့လက်ခံပေးရင်
ငါကျေနပ်ပါတယ် ... ချစ်သူ
သူငယ်ချင်း ...
ချစ်သူ ......
အချစ်နဲ့ပတ်သက်ပြီး
နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ငါက
အချစ်ကိုအတ္တလို.လက်ကိုင်ထားတဲ့
မင်းအပေါ်ချစ်ပါတယ်လို့ဖွင့်ဟ၀န်ခံခဲ့ရင်
မင်းဘယ်လိုခံစားရမလဲ
တွေခွင့်ဆုံခွင့်ကြုံခွင့်တွေရဲ့ကြားမှာ
သံယောဇဉ်ကြိုးလေးတစ်မျှင်လောက်
ကျန်နေအုံးမယ်ဆိုရင်ယုံကြည်မှုရော
ပေးနိုင်ပါ့မလား
မင်းရဲ့နှလုံးသားကရင်ခုန်ခဲ့တယ်ဆိုရင်တောင်
သိက္ခာတရားနဲ့နှလုံးသား
မင်းဘယ်အရာကိုရွေးမလဲ
ဘာပဲဖြစ်ဖြစ်
အချစ်နဲ့ပတ်သက်ပြီး
အချစ်တွေများခဲ့တဲ့ငါက
မင်းကိုအတ္တကင်းတဲ့ချစ်ခြင်းတွေနဲ့
ချစ်ခဲ့တယ်လို့လက်ခံပေးရင်
ငါကျေနပ်ပါတယ် ... ချစ်သူ
“သူငယ်ချင်းများထံသို့”
` တစ်နှစ်သာအတွင်းမှာ ဆုံတွေ့ခဲ့ရတဲ့
သူငယ်ချင်းတို့ရေ .......
တွေ့ခွင့် ၊ ဆုံခွင့် ၊ ကြုံခွင့်ရတဲ့ အချန်မှာ
တစ်ဦးကိုတစ်ဦး ချစ်ချစ်ခင်ခင်
နေလာခဲ့ပြီး ....
အချိန်တန်တော့ ဘ၀ပန်းတိုင်ကိုရောက်ဖို့
ကြိုးစားခဲ့တယ်လေ ...
အဲ့ဒိအချိန်အခါကျတော့
တစ်ဦးကိုတစ်ဦး ထိန်းလို့မရတဲ့ ....
မျက်လုံးအိမ်ထဲမှ မျက်ရည်တွေဟာ
အလိုလိုစီးကျလာခဲ့ရပါတယ်ကွယ် ...
နောင်တစ်ချိန်မှာ ...
သူငယ်ချင်းများနဲ့ ပြန်လည်ဆုံတွေ့ပါစေလို့
ဆုတောင်းနေပါမယ် ......
“ယုံကြည်မှု”
(မ) ချစ်သူ ......... ရယ်
(ငါ) မင်းကိုဖြူစင်သောမေတ္တာတွေနဲ့
ချစ်ခဲ့တာပါ .....
တစ်နေ့ကျရင်
မင်းငါ့ကိုထားသွားမယ်
ဆိုတာကိုသိလျှက်နဲ့
ချစ်ခဲ့တာပါ ... ချစ်သူရယ်
“သူငယ်ချင်း”
အတိတ်ဟောင်းဆိုတာ
မေ့ကောင်းတဲ့အရာ မဟုတ်တာမို့
မင်းသတိမရရင်လဲနေပါစေ ...
ငါတစ်ယောက်ထဲသာ
အတူလျှောက်ဖူးတဲ့ လမ်းကလေးထဲ
အထီးကျန်လျှောက်လှမ်းလို့
အမှတ်တရရက်စွဲတွေအတွက်
ရောင်စဉ်တွေမရောယှက်
မေတ္တာကွက်လပ်တစ်နေရာမှာ
သန့်ရှင်းတဲ့ အဖြူရောင်မေတ္တာနဲ့
မင်းကို ထာဝရလွမ်းနေပါမယ့် ....
လွမ်းလို့နေဆဲပါ ...
“မင်းနဲ့အတူ”
ချစ်သူ ... ရယ်
(မ) ချစ်သူကမိုးကောင်းကင်ကြီးဆို
(မောင်လေး) ကိုယ်က တိမ်တိုက်လေး ဖြစ်ပါစေ ...
(မ) ချစ်သူက လမင်းဆို ...
(မောင်လေး) ကိုယ်က ကြယ်စင်ကလေးပေါ့ ...
(မ) ချစ်သူက နေပူပူမှာ အပြင်ထွက်ရင်
(မောင်လေး) ကိုယ်က ထီးကလေးတစ်ချောင်း
ဖြစ်ချင်တယ် .....
(မ) ချစ်သူ လမ်းသွားရင်
(မောင်လေး) ကိုယ်က ဆူးခနှောင့်ခလုပ်တွေကို
ကာကွယ်မယ့် ဖိနပ်လှလှလေးတစ်ရံ
ဖြစ်ချင်တယ် ..........
ဘာပဲဖြစ်ဖြစ်
(မ) ချစ်သူရဲ့ဘေးမှာအမြဲတမ်း
နေခွင့်ရနေမယ်ဆို (မောင်လေး) ကိုယ်ကျေနပ်နေမှာပါ............
“နှင်းဆီသခင်”
ချစ်ခြင်းမှာ အပြစ်မရှိဘူးလို့ မင်းကဆိုခဲ့ရင်
ချစ်ခဲ့တဲ့ ငါ့နှလုံးသားကိုပဲ အပြစ်ဆိုရမှာပေါ့ ...
နှင်းဆီလိုဆူးပါတဲ့အပင်ကို ကိုင်ရင်
ဆူးစူးမယ်ဆိုတာ သိလျှက်နဲ့
နှင်းဆီနဲ့တူတဲ့မင်းကို ချစ်ခဲ့မိတဲ့ ငါ့နှလုံးသားကိုပဲ
အပြစ်တင်ဆိုမိခဲ့တယ် ...
အချစ်မှာ မျက်စိမပါ့လို့ ငါ့နှလုံးသားကမင်းကို
ချစ်ခဲ့မိပေမယ့် ......
မင်း ငါ့ကိုဘယ်လောက်မုန်းမုန်း
ငါကတော့ မင်းကို ချစ်နေဆဲပါချစ်သူ ...
“ဆက်ချစ်ခွင့်”
ရောက်မှန်းမသိဘဲ
ကိုယ့်အချစ်က
မင်းဆီရောက်နေခဲ့တယ်
မင်းအတွက်ဆိုရင်
ကိုယ့်အသက်တောင်ပေးရဲတယ်
ယုံပါလို့ အတင်းအကြပ်
မတောင်းဆိုပါဘူး
“ကိုယ်” မင်းကိုတော့
တကယ်ချစ်ခဲ့တာပါ
ဘာပဲဖြစ်ဖြစ်
“ကိုယ့်” မင်းကို ထာဝရချစ်နေမှာပါ ....
ရောက်မှန်းမသိဘဲ
ကိုယ့်အချစ်က
မင်းဆီရောက်နေခဲ့တယ်
မင်းအတွက်ဆိုရင်
ကိုယ့်အသက်တောင်ပေးရဲတယ်
ယုံပါလို့ အတင်းအကြပ်
မတောင်းဆိုပါဘူး
“ကိုယ်” မင်းကိုတော့
တကယ်ချစ်ခဲ့တာပါ
ဘာပဲဖြစ်ဖြစ်
“ကိုယ့်” မင်းကို ထာဝရချစ်နေမှာပါ ....
“အကြောင်းနှင့်အကျိုး”
တောင်းပန်ပါရစေ
မချစ်ရင်နေပါ
သံယောဇဉ်ကိုတော့
မစော်ကားပါနဲ့
ဘုရားကဟောခဲ့တယ်
ဘ၀မှာ
အကြောင်းနဲ့ အကျိုးပဲရှိတယ်တဲ့
ကိစ္စရပ်တိုင်းမှာ
အကြောင်းကြောင့် အကျိုးဖြစ်လာတာကို
အကျိုးကြောင့် အကြောင်းဖြစ်လာတာ
မဟုတ်ပါဘူး
“ဆုတောင်း”
ချစ်သူ ....
ချစ်ခဲ့တဲ့ ငါ့နှလုံးသားကို
ရှင်သန်ခွင့်ပေးပါ ...
ချစ်လွန်းလို့ အရာရာကို
စွန့်လွှတ်ခဲ့ပြီလေ ...
အချစ်ကို လိမ်ညာလှည့်ဖြားတတ်တဲ့ ငါ့ကို
ယုံကြည်မှု မပေးရင်နေပါ
ဥပေက္ခာတော့ မပြုလိုက်ပါနဲ့နော် ...
ငါမင်းကိုချစ်ခဲ့တဲ့ အချစ်တွေဟာ
မှန်ကန်ပါ၏
ဤမှန်သောသစ္စာကြောင့်
ဒီဘ၀မှာ မင်းရဲ့နှလုံးသားကို
မရခဲ့ရင် နောင်ဘ၀ဆက်တိုင်း
မင်းရဲ့နှလုံးသားကို ပိုင်ဆိုင်ခွင့်ရှိသူ
ဖြစ်ရပါစေလို၏ ...... ချစ်သူရယ် $$$
“ဆန့်ကျင်ဘက်”
ဒီကမ္ဘာမှာ မင်းရဲ့အမုန်းဆုံးသူဟာ ငါ ...
ငါကလ်ဲမင်းကို နှလုံးသွေးတွေ ရပ်တန့်တဲ့အထိ
ချစ်နေမယ့်သူ ...
ရင်ခုန်သံချင်းထပ်တူကြဖို့ ငါကြိုးစားပေမယ့်လဲ
ဆန့်ကျင်ဘက် အရာနှစ်ခုပေါင်းစပ်ဖို့ မရခဲ့တဲ့ အဆုံးမှာ
ငါလက်လျှော့ခဲ့ရပြီး ... ဖြစ်နိုင်တာတစ်က
ငါမင်းကို တိတ်တိတ်လေး ချစ်နေယုံကလွဲပြီး
ဘာရှိတော့မှာလဲ ? ချစ်သူရယ် ....
“ရောင်တမ်းခြင်း”
လရောင်ရယ် ...
ငါဘယ်သွားသွား မင်းက ငါ့အပါးကနေ
တစ်ဖ၀ါးမှ မခွာခဲ့ပေမဲ့
လမိုက်ညတွေတိုင်းဆို မင်းကပျောက်သွားတတ်
တယ်နော် ....
မင်းဘယ်တွေလျှောက်သွားနေတာလဲ
လရောင်ရယ် ...
ငါသတိရလိုက်တာ ...
“မျော်လင့်ချက်ပါချစ်သူ”
ချစ်သူရယ် ...
မင်းငါ့အနားမှာရှိနေတဲ့အချိန်မှာ
မင်းမျက်နာလေးကို ငါခိုးခိုးကြည့်ပြီး
ရင်ခုန်ခဲ့ရတယ် ...
မင်းထွက်သွားချိန်မှာတော့
ငါဝမ်းနည်းခဲ့ရတယ် ...
သတိရတိုင်း မင်းရဲ့ပုံတူ ပန်းချီးကားလေးရဲ့
ရှေမှောက် အသက်သွင်းလို့စကားတွေပြောနေတဲ့
ငါ့နှလုံးသားရဲ့ ဖွင့်ဟ၀န်ခံခြင်းတွေကို
မင်း သိမှသိပါ့မလား ချစ်သူရယ် ...
“အချစ်ရေ”
နင်ဘယ်သွားသွား ဘာလုပ်လုပ်
ငါအမြဲခွင့်လွှတ်လျှက်ပါ
ဒါပေမယ့် သိပ်ချစ်လို့ အလိုလိုက်တာကို
စောဒက တက်ရင်တော့
နင်အမှားကြီးမှားပြီး နောင်တရလိမ့်မယ်
ချစ်သူ .............
“ နှလုံးသားတံခါး ”
ငါ့နှလုံးသားတံခါး ခေါက်သောသူများ
အပြစ်ကင်းစင် အမုန်းစင်၍
အချစ်သေဆာအပြုံးမှာ
ချစ်သူထံမှတစ်ပါး အသေးမသွားဘဲ
ငါ့ရဲ့အနားအရပ်ပမာ
မလွဲဧကန် ရှိမည်ဆိုလျှင်
အကြင်သူလက်ကမ်း၍ မကြင်သူထွက်စမ်း ဟု
ငါအဆိုပြုလိုက်တော့မည် ...
“ ထာဝရအလွမ်း ”
(မ) သူ ............
အချိန်တန်တော့
(မ) သူ နဲ့ဝေးရမယ်ဆိုတာ
သိလိုက်ရတဲ့အချိန်မှာ ....
(မောင်လေး) ဒို့ ရင်ထဲမှာ ပြောပြမတတ်သော
ခံစားမှုတွေကို
(မ) သူ သိပါစေ ...
မြင်စေချင်လိုက်တာ .......
ဝေးရမှာကိုကြောက်တဲ့
(မောင်လေး) ဒို့
“ သဘာဝ ”
လေထဲမှာ သဘာဝအလျှောက်
ပျံသန်းနေတဲ့ ငှက်ကလေးတွေ ရှိကြတယ် .....
ပင်လယ်သမုဒ္ဒရာမှာ သဘာဝအလျှောက်
ကူးခတ်နေတဲ့ ငါးကလေးတွေရှိတယ်
မြေကြီးမှာလည်း အမြစ်မှတွယ်ကပ်၍
ပေါက်နေသော သစ်ပင်လေးတွေရှိသလို
(မောင်လေး) ဒို့ရင်ထဲမှာလဲ (မ) မင်းအတွက်
သဘာဝအလျှောက် ဖြစ်ပေါ်လာပြီး
ရှောင်လွှဲလို့မရတဲ့ “အချစ်” တွေ
ရှိပါတယ်ကွယ် .......
“ ဝေးကွာမှု ”
ဤကမ္ဘာလောကမှာ လူတွေဟာ
ဖြစ်ချင်တာ မဖြစ်ရသလို
မဖြစ်ချင်တာကို ဖြစ်ခဲ့ရတယ်နော် ....
ထို့နည်းတူပဲ ....
အချစ်တွေမှာ ဆိုရင်လည်း
ချစ်တိုင်းလည်းမညား ....
ညားတိုင်းလည်း မချစ်ဆိုတဲ့
စကားပုံတွေနဲ့အညီ
(မ)(သူ) နဲ့ (မောင်လေး) ဒို့ ဝေးရတော့မှာလား ...
အဲ့ဒိလိုဝေးကွာမှုမရှိအောင်
ဘယ်လိုကြိုးစားကြမလဲဟင် ....
တစ်နေ့ကျရင် ဝေးကွာမှုမရှိဘဲ
(မောင်လေး) ဒို့ မျော်လင့်နေမယ်နာ် ...
“ အချစ်ဆိုတာ ”
အချစ်ကိုဘာမှန်းမသိခဲ့တဲ့အချိန်မှာ
ချစ်ကို ငါကစားခဲ့တယ် ......
အချစ်ဟာဘာလဲလို့မေးတဲ့အချိန်မှာလဲ
ရေရေရာရာ ငါမသိခဲ့ဘူး ...
အချစ်ကြောင့် ပျော်ရဲ့လားလိုမေးတော့
အချစ်ကိုငါ ပြက်ရယ်ပြုခဲ့တယ် ...
ချစ်အတွက် ဘာတွေရသွားလဲလို့မေးတော့
ငါဝမ်းနည်းခဲ့ရတယ် ...
ငါ ... ငါ ... ငါ ...
ယုံကြည်မှုတွေ ကင်းမဲ့လို့
ငါ့ရဲ့နှလုံး သေဆုံးသွားခဲ့ပြီလေ .....
“ အနိုင်ယူသူ ”
မင်နဲ့မချစ်ဖို့ ကြိုးစားခဲ့ပေမယ့်
ရှောင်လွှဲလို့ မရခဲ့တာ ဘာကြောင့်လဲ ...
အလိုလိုက် အကြိုက်ဆောင်ပေးတဲ့ သူရေ
မင်းရဲ့အပေါ်မှာ အနိုင်ယူခဲ့မိတာကို
ခွင့်လွှတ်ပေးပါရန် ....
(မ) “မင်းအတွက်”
ပူပြင်းလှတဲ့ နွေရာသီမှာ (မောင်လေး) ငါဟာ(မ) မင်းအတွက်
ထီးလေးတစ်ချောင်းပေါ့ ....
ချမ်းအေးလွန်းတဲ့ မိုးရာသီမှာ (မောင်လေး) ငါဟာ (မ) မင်းအတွက်
မိုးကာလေးတစ်ထည်ပေါ့ ...
အေးမြလှတဲ့ ဆောင်းရာသီမှာလဲ
(မောင်လေး) ငါဟာ (မ) မင်းအလေးတွက်
အနွေးထည်လေးတစ်ထည်ပေါ့
ဘာပဲဖြစ်ဖြစ်
(မ) မင်းကိုချစ်နေရယုံလေးနဲ့
(မောင်လေး) ငါနှလုံးသားက ကျေနပ်နမှာပါ ချစ်သူ ........
“ ဝေးလွင့်ခြင်းရဲ့ အလွမ်း ”
ဝေးသွားမှာစိုး
ရင်ထဲညှိုးသွား
တွေဝေတုံ့ဆိုင်း
မှိုင်းမိငြိမ်သက်
မျက်တောင်ကော့ရွှန်း
လှလွန်းပိုနေ
ချစ်တဲ့သူရေ ...
(မ) သူ ............
အချိန်တန်တော့
(မ) သူ နဲ့ဝေးရမယ်ဆိုတာ
သိလိုက်ရတဲ့အချိန်မှာ ....
(မောင်လေး) ဒို့ ရင်ထဲမှာ ပြောပြမတတ်သော
ခံစားမှုတွေကို
(မ) သူ သိပါစေ ...
မြင်စေချင်လိုက်တာ .......
ဝေးရမှာကိုကြောက်တဲ့
(မောင်လေး) ဒို့
“ သဘာဝ ”
လေထဲမှာ သဘာဝအလျှောက်
ပျံသန်းနေတဲ့ ငှက်ကလေးတွေ ရှိကြတယ် .....
ပင်လယ်သမုဒ္ဒရာမှာ သဘာဝအလျှောက်
ကူးခတ်နေတဲ့ ငါးကလေးတွေရှိတယ်
မြေကြီးမှာလည်း အမြစ်မှတွယ်ကပ်၍
ပေါက်နေသော သစ်ပင်လေးတွေရှိသလို
(မောင်လေး) ဒို့ရင်ထဲမှာလဲ (မ) မင်းအတွက်
သဘာဝအလျှောက် ဖြစ်ပေါ်လာပြီး
ရှောင်လွှဲလို့မရတဲ့ “အချစ်” တွေ
ရှိပါတယ်ကွယ် .......
“ ဝေးကွာမှု ”
ဤကမ္ဘာလောကမှာ လူတွေဟာ
ဖြစ်ချင်တာ မဖြစ်ရသလို
မဖြစ်ချင်တာကို ဖြစ်ခဲ့ရတယ်နော် ....
ထို့နည်းတူပဲ ....
အချစ်တွေမှာ ဆိုရင်လည်း
ချစ်တိုင်းလည်းမညား ....
ညားတိုင်းလည်း မချစ်ဆိုတဲ့
စကားပုံတွေနဲ့အညီ
(မ)(သူ) နဲ့ (မောင်လေး) ဒို့ ဝေးရတော့မှာလား ...
အဲ့ဒိလိုဝေးကွာမှုမရှိအောင်
ဘယ်လိုကြိုးစားကြမလဲဟင် ....
တစ်နေ့ကျရင် ဝေးကွာမှုမရှိဘဲ
(မောင်လေး) ဒို့ မျော်လင့်နေမယ်နာ် ...
“ အချစ်ဆိုတာ ”
အချစ်ကိုဘာမှန်းမသိခဲ့တဲ့အချိန်မှာ
ချစ်ကို ငါကစားခဲ့တယ် ......
အချစ်ဟာဘာလဲလို့မေးတဲ့အချိန်မှာလဲ
ရေရေရာရာ ငါမသိခဲ့ဘူး ...
အချစ်ကြောင့် ပျော်ရဲ့လားလိုမေးတော့
အချစ်ကိုငါ ပြက်ရယ်ပြုခဲ့တယ် ...
ချစ်အတွက် ဘာတွေရသွားလဲလို့မေးတော့
ငါဝမ်းနည်းခဲ့ရတယ် ...
ငါ ... ငါ ... ငါ ...
ယုံကြည်မှုတွေ ကင်းမဲ့လို့
ငါ့ရဲ့နှလုံး သေဆုံးသွားခဲ့ပြီလေ .....
“ အနိုင်ယူသူ ”
မင်နဲ့မချစ်ဖို့ ကြိုးစားခဲ့ပေမယ့်
ရှောင်လွှဲလို့ မရခဲ့တာ ဘာကြောင့်လဲ ...
အလိုလိုက် အကြိုက်ဆောင်ပေးတဲ့ သူရေ
မင်းရဲ့အပေါ်မှာ အနိုင်ယူခဲ့မိတာကို
ခွင့်လွှတ်ပေးပါရန် ....
(မ) “မင်းအတွက်”
ပူပြင်းလှတဲ့ နွေရာသီမှာ (မောင်လေး) ငါဟာ(မ) မင်းအတွက်
ထီးလေးတစ်ချောင်းပေါ့ ....
ချမ်းအေးလွန်းတဲ့ မိုးရာသီမှာ (မောင်လေး) ငါဟာ (မ) မင်းအတွက်
မိုးကာလေးတစ်ထည်ပေါ့ ...
အေးမြလှတဲ့ ဆောင်းရာသီမှာလဲ
(မောင်လေး) ငါဟာ (မ) မင်းအလေးတွက်
အနွေးထည်လေးတစ်ထည်ပေါ့
ဘာပဲဖြစ်ဖြစ်
(မ) မင်းကိုချစ်နေရယုံလေးနဲ့
(မောင်လေး) ငါနှလုံးသားက ကျေနပ်နမှာပါ ချစ်သူ ........
“ ဝေးလွင့်ခြင်းရဲ့ အလွမ်း ”
ဝေးသွားမှာစိုး
ရင်ထဲညှိုးသွား
တွေဝေတုံ့ဆိုင်း
မှိုင်းမိငြိမ်သက်
မျက်တောင်ကော့ရွှန်း
လှလွန်းပိုနေ
ချစ်တဲ့သူရေ ...
No comments:
Post a Comment
......ကြိုက်ဒါဝေဖန်သွားပါ........