Friday, June 15, 2012

Private (ကိုယ်ပိုင်) နှင့် Pubic (အများသုံး) IP များအကြောင်း


Internet ဖြင့် ချိတ်ဆက်ထားသော Computer များကို ၎င်းတို့၏ IP Address များဖြင့် သတ်မှတ်နိုင်ပါသည်။ ISP (Internet Service Provider) ကသတ်မှတ်ပေးသော IP Address များကို Network Information Center (NIC) တွင် အများသိစေ ရန် ကြေငြာထာ:ပေးခြင်းဖြင့် IP Address များထပ်ခြင်းမှ ကာကွယ် နိုင်ပါသည်။ ထို IP Address များကို Public IP Address များဟုခေါ်သည်။ Public IP Address သည် Internet သုံးစွဲသူများ အားလုံးနှင့် ချိတ်ဆက်ပေး၍ သတင်း အချက် အလက်များ ဖလှယ်ရာတွင် အသုံးပြုနိုင်သည်။
ထိုသို့ အသုံးပြုနိုင်သောကြောင့် Hacker များ၊ virus များ hi-jacked အလုပ်ခံ ရခြင်းများ ဖြစ်နိုင်သည့် အချက်ကို အထူ:သတိပြုသင့်ပေသည်။ Public IP Address သုံးစွဲသည့် User များသည် ၎င်းတို့၏ computer ကို assign လုပ်ထားသည့် IP Address များကို Control မလုပ်နိုင်ပေ။
Public IP Address သည် Static ဖြစ်နိုင်သကဲ့သို့ Dynamic လည်း ဖြစ်နိုင်ပါသည်။ Static IP Address သည် အဓိကအာ:ဖြင့် ပြောင်းလဲခြင်းမရှိသော Hosting Webpages (သို့) Internet သုံးစွဲရန်အတွက် ဖြစ်ပါသည်။ Dynamic IP Address သည် သုံးစွဲ၍ရနိုင်သော IP Address များမှ ရွေးချယ်၍ Internet ကို ချိတ်ဆက်သည့် အခါတိုင်း ပြောင်းလဲနိုင်သည်။ Internet ဖြင့် ချိတ်ဆက် အသုံးပြုသည့်အချိန်တိုင်း new Dynamic IP Address ရရှိမည် ဖြစ်သည်။
ကိုယ်ပိုင်သီးခြား TCP/IP LAN များတွင်ချိတ်ဆက်ထားသော Computer များကို အများပြည် သူများ သုံးရန် မဟုတ်သောကြောင့် Public အများသုံး IP address များပေးရန်မလိုပေ။ ထို့ကြောင့် NIC (Network Information Center) မှ အချို့သော IP Address များကို အများသိစေရန် ကြေညာခြင်း မပြုပေ။ ထို သီးခြား ကိုယ်ပိုင် IP address များကို Private IP Address များဟုခေါ်သည်။ အောက်ပါ Address Range များအတွင်း တွေ့ရှိနိုင်ပါသည်။
10.0.0.0 – 10.255.255.255 (Total Address: 16, 777, 216)
172.16.0.0 – 172.31.255.255 (Total Address: 1, 048, 576)
192.168.0.0 – 192.168.255.255 (Total Address: 65, 536)
Private IP Address သည် Network အတွင်းသီးခြားအသုံးပြုရန် ဖြစ်၍ Computer များနှင့် လည်း ချိတ်ဆက်အသုံးပြုနိုင်ပါသည်။ Public IP နှင့်မတူဘဲ Private Network ၏ Administrator သည် မိမိကြိုက်ရာ
IP Address ကို သတ်မှတ်ထားသည့် Range အတွင်းမှ ရွေးချယ်ပေးနိုင်သည်။ မိမိ၏ Private IP ကိုသိလိုပါက Command Prompt တွင် ipconfig ဟု ရိုက်ထည့်၍ ကြည့်နိုင်ပါသည်။
Private IP Address ရှိသော Computer များ သည် Internet နှင့် ချိတ်ဆက်မည်ဆိုပါက ၎င်း Computer များတွင် Private IP သာမက Public IP များလည်းရှိရမည် ဖြစ်သည်။ Private IP သည် Private network အတွင်းချိတ်ဆက်ရန် ဖြစ်၍ Public IP သည် Internet နှင့် ချိတ်ဆက်ရန်ဖြစ်ပါသည်။ DSL/ADSL connection သုံးသော User အများစုတွင် Private နှင့် Public IP များရှိကြသည်။ Private IP ချိတ်ဆက်ထားသော Computer ကို Public IP Address ပြောင်း၍လည်း သုံးစွဲနိုင်သည် ။

No comments:

Post a Comment

......ကြိုက်ဒါဝေဖန်သွားပါ........