Monday, July 2, 2012

ရင်တွင်းဖြစ်ကဗျာများ(၂)

 "အချစ် (မ) မင်းသိပါစေတော့ ”
နွေလိုပူပြင်းလှတဲ့ ရာသီမျိုးမှာတောင်
အချစ်(မ)မင်းနဲ့တွေ့ပြီး (မောင်လေး)ငါ့ရင်ထဲမှာ
အချစ်ပန်းကလေးများစိမ်းလန်းစိုပြည်စွာနဲ့
ပွင့်လန်းလာခဲ့ပါတယ် ဒါကို(မ)နင်ပြောတယ်
“ အချစ်စစ်မှန်လို့တဲ့ ” လေ
ဆောင်းနှင်းကလေး ကျပြန်တော့လည်း
ချစ်သူ နှင့်းပွင့်ကလေးများနဲ့အတူ
တစ်ခါတစ်ခါ ဘယ်ကိုထွက်ပြေး
သွားရပြန်တာလည်းကွယ် ... ဒါပေမယ့်
အချစ်(မ) မင်းပြောတယ်
“အချိန်တန်ရင်ပြန်လာမှာပါတဲ့လေ”
(မောင်လေး)ငါကြည်ဖြူစွာနဲ့ ခွင့်လွှတ်ပေးလျက်ပါ
အခုချိန်မှာတော့လေ အချစ်(မ)မင်းကြောင့်
မိုးမင်းကြီးကတော့ (မောင်လေး)ငါနဲ့အတူ
အပြိုင်ငိုလိုက်ရုံကလွဲလို့
ဘာတတ်နိုင်အုံးမှာလဲကွယ် ... မရယ်...
~~~ လွမ်းအောင် ~~~

“ ထာဝရအလွမ်း ”
(မ) သူ ............
အချိန်တန်တော့
(မ) သူ နဲ့ဝေးရမယ်ဆိုတာ
သိလိုက်ရတဲ့အချိန်မှာ ....
(မောင်လေး) ဒို့ ရင်ထဲမှာ ပြောပြမတတ်သော
ခံစားမှုတွေကို
(မ) သူ သိပါစေ ...
မြင်စေချင်လိုက်တာ .......
ဝေးရမှာကိုကြောက်တဲ့
(မောင်လေး) ဒို့
~~~ လွမ်းအောင် ~~~


 “ သဘာဝ ”
လေထဲမှာ သဘာဝအလျှောက်
ပျံသန်းနေတဲ့ ငှက်ကလေးတွေ ရှိကြတယ် .....
ပင်လယ်သမုဒ္ဒရာမှာ သဘာဝအလျှောက်
ကူးခတ်နေတဲ့ ငါးကလေးတွေရှိတယ်
မြေကြီးမှာလည်း အမြစ်မှတွယ်ကပ်၍
ပေါက်နေသော သစ်ပင်လေးတွေရှိသလို
(မောင်လေး) ဒို့ရင်ထဲမှာလဲ (မ) မင်းအတွက်
သဘာဝအလျှောက် ဖြစ်ပေါ်လာပြီး

ရှောင်လွှဲလို့မရတဲ့ “အချစ်” တွေ
ရှိပါတယ်ကွယ် .......
~~~ လွမ်းအောင် ~~~


“ ဝေးကွာမှု ”
ဤကမ္ဘာလောကမှာ လူတွေဟာ
ဖြစ်ချင်တာ မဖြစ်ရသလို
မဖြစ်ချင်တာကို ဖြစ်ခဲ့ရတယ်နော် ....
ထို့နည်းတူပဲ ....
အချစ်တွေမှာ ဆိုရင်လည်း
ချစ်တိုင်းလည်းမညား ....
ညားတိုင်းလည်း မချစ်ဆိုတဲ့
စကားပုံတွေနဲ့အညီ
(မ)(သူ) နဲ့ (မောင်လေး) ဒို့ ဝေးရတော့မှာလား ...
အဲ့ဒိလိုဝေးကွာမှုမရှိအောင်
ဘယ်လိုကြိုးစားကြမလဲဟင် ....
တစ်နေ့ကျရင် ဝေးကွာမှုမရှိဘဲ
(မောင်လေး) ဒို့ မျော်လင့်နေမယ်နာ် ...
~~~ လွမ်းအောင် ~~~

 "အချစ်ဆိုတာ ”
အချစ်ကိုဘာမှန်းမသိခဲ့တဲ့အချိန်မှာ
ချစ်ကို ငါကစားခဲ့တယ် ......
အချစ်ဟာဘာလဲလို့မေးတဲ့အချိန်မှာလဲ
ရေရေရာရာ ငါမသိခဲ့ဘူး ...
အချစ်ကြောင့် ပျော်ရဲ့လားလိုမေးတော့
အချစ်ကိုငါ ပြက်ရယ်ပြုခဲ့တယ် ...
ချစ်အတွက် ဘာတွေရသွားလဲလို့မေးတော့
ငါဝမ်းနည်းခဲ့ရတယ် ...
ငါ ... ငါ ... ငါ ...
ယုံကြည်မှုတွေ ကင်းမဲ့လို့
ငါ့ရဲ့နှလုံး သေဆုံးသွားခဲ့ပြီလေ .....
~~~ လွမ်းအောင် ~~~


“ အနိုင်ယူသူ ”
မင်နဲ့မချစ်ဖို့ ကြိုးစားခဲ့ပေမယ့်
ရှောင်လွှဲလို့ မရခဲ့တာ ဘာကြောင့်လဲ ...
အလိုလိုက် အကြိုက်ဆောင်ပေးတဲ့ သူရေ
မင်းရဲ့အပေါ်မှာ အနိုင်ယူခဲ့မိတာကို
ခွင့်လွှတ်ပေးပါရန် ....
~~~ လွမ်းအောင် ~~~

မ) “မင်းအတွက်”
ပူပြင်းလှတဲ့ နွေရာသီမှာ (မောင်လေး) ငါဟာ(မ) မင်းအတွက်
ထီးလေးတစ်ချောင်းပေါ့ ....
ချမ်းအေးလွန်းတဲ့ မိုးရာသီမှာ (မောင်လေး) ငါဟာ (မ) မင်းအတွက်
မိုးကာလေးတစ်ထည်ပေါ့ ...
အေးမြလှတဲ့ ဆောင်းရာသီမှာလဲ
(မောင်လေး) ငါဟာ (မ) မင်းအလေးတွက်
အနွေးထည်လေးတစ်ထည်ပေါ့
ဘာပဲဖြစ်ဖြစ်
(မ) မင်းကိုချစ်နေရယုံလေးနဲ့
(မောင်လေး) ငါနှလုံးသားက ကျေနပ်နမှာပါ ချစ်သူ ........
~~~ လွမ်းအောင် ~~~


 “ မင်းရဲ့ကိုယ် ” * မ ရဲ့ မောင်လေး *
ချစ်သူ ....... chit thu
ဒီနေရာလေးမှာ
နေခွင့်မရှိမှန်း သိလျှက်နဲ
ထွက်မသွားချင်ခဲ့တာ ...
(မ) မင်းကို ပိုင်ဆိုင်ခွင့်မရှိမှန်း သိလျှက်နဲ့
ရယူချင်ခဲ့တာ ...
(မ) မင်းနဲ့မနီးနိုင်မှန်းသိလျှက်နဲ့
အနားမှာနေချင်ခဲ့တယ် ...
အရာအားလုံးကို ရှုံးနေမှန်းသိလျှက်နဲ့
အနိုင်မယူချင်ခဲ့တာ ...
ဒါတွေအားလုံးကို အဖြစ်လို့သတ်မှတ်ရင်
တရားခံက ....
(မောင်လေး) ကိုယ်ပါ .....
~~~ လွမ်းအောင် ~~~


“ ဝေးလွင့်ခြင်းရဲ့ အလွမ်း ”
ဝေးသွားမှာစိုး
ရင်ထဲညှိုးသွား
တွေဝေတုံ့ဆိုင်း
မှိုင်းမိငြိမ်သက်
မျက်တောင်ကော့ရွှန်း
လှလွန်းပိုနေ
ချစ်တဲ့သူရေ ...
~~~ လွမ်းအောင် ~~~

“ မ ရဲ့အလှ ”
ဖြူစင်လှတဲ့ “မ”ရဲ့မျက်ဝန်းတွေက
လပြည့်ညရဲ့ လ၀န်းကြီးနဲ့တူတယ်နော် ...
တောက်ပနေတဲ့ “ မ ”ရဲ့အကြည့်တွေက
ကြယ်ကလေးတွေနဲ့တူတယ်နော် ...
ချိုသာလှတဲ့ “ မ ”ရဲ့စကားသံလေးတွေက
ဥသြငှက်လေးတွေရဲ့ အသံနဲ့တူတယ်နော် ...
လမ်းလျှောက်တိုင်း အိနြေ္ဒရှိရှိ လျှောက်လှမ်းတတ်တဲ့
” မ” ရဲ့အလှတွေက ကဗျာဆန်လွန်းတယ် ...
“ မ ” ရယ် ...
ချစ်လို့လှတာလား ... လှလို့ချစ်တာလားလို့မေးရင်
” မောင်လေး ” ဘယ်လို့ဖြေရမလဲ ဟင် ........
~~~ လွမ်းအောင် ~~~

“ အချစ်ဆုလာဒ် ”
ပန်းပွင့်ဖူးငုံ အမျိုးစုံ
ထူးရနံ့သင်း ပန်းတစ်ခင်းကို
ပန်ဆင်ခွင့်ပြုပါ “မ”ရယ် ...
ထိုမမှုအတွက်
ဆုလာဒ်တစ်ခုတောင်းခွင့်ပြုလျှင်
ယခုဘ၀ သမုဒယကြောင့်
ယုယလုပ်ကျွေး “မ”ရဲ့ဘေးမှာ
ကျေးကျွန်မျှသာ ဖြစ်ပါစေ ....
~~~ လွမ်းအောင် ~~~

“ မြင်နိုင်ပါစေ ”
သူငယ်ချင်းတို့ရေ ....
ဟိုစဉ်ချိန်ခါ သူငယ်ချင်းဆိုတဲ့
အဖြူရောင်ခင်မင်မှုတွေကြောင့်
မင်းရော ငါပါအရမ်းကိုပျော်ရွှင်ခဲ့ဖူးတယ် ...
ဒီအချိန်ခါမှာတော့ ...
ငါရဲ့အတ္တဆန်တဲ့ ဒီချစ်ခြင်းတွေကြောင့်
မင်းရောငါပါ ပျော်ရွှင်မှုပျက်သုန်းခဲ့ရပြီး ...
တစ်ချိန်က အချစ်ကို ကစားခဲ့ဖူးတဲ့ ငါ့အပေါ်
ယုံကြည်မှုတွေ ကင်းမဲ့လို့နေခဲ့ရင်
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
ငါ့ရင်ထဲက အချစ်တွေကို
မင်းလေး ... မြင်နိုင်ပါစေလို့
ဆုတောင်းလျှက်ပါ သူငယ်ချင်း ...
~~~ လွမ်းအောင် ~~~

“ မုန်းရက်နိုင်တယ် ”
(မ) မချစ်လို့ မုန်းရက်နိုင်တယ်
(မ) မုန်းလို့ထာားခဲ့နိုင်တယ်
(မ)ရဲ့ရှေ့မှောက် (မောင်လေး ) မှာနတွေ
မျိုချကာ အရှုံးပေးချစ်ဝံတယ်
(မ)ရှင်ဆိုရှင် သေဆိုသေပါ
မရယ် ..........
~~~ လွမ်းအောင် ~~~

“ အဆွေး”
အနေဝေးလို့အသေဆွေးရမှာကို
ကြောက်နေမိတယ်
အလွမ်းကိုတည်
အချစ်နဲ့စား ...
အဆွေးနဲ့မြှောက်
ရတဲ့အဖြေက
မျက်ရည်တဲ့လေ
တို့မျက်ရည် မကျပါရစေနဲ့လား (မ) ရယ် ...
~~~ လွမ်းအောင် ~~~

“ ဘ၀ရဲ့အဓိပ္ပာယ် ”
ဘ၀ဆိုတာ စကားလုံးလှပေမယ့်
(မောင်လေး)ငါ့ဘ၀ရဲ့ အဓိပါယ်ကတော့
(မ) နင်ထင်သလောက် မလှခဲ့ပါဘူး
ဘာလို့လဲဆိုတော့ (မောင်လေး) ငါ့ဘ၀တစ်ခုလုံးမှာ
(မ)နင့်ရဲ့အချစ်တုတွေနဲ့ ဖုံးလွှမ်းခ့ရပြီး
ရုန်ထွက်လို့မရအောင် ဖြစ်ခဲ့ရတယ်လေ
ဒါကြောင့် ... မလှပတဲ့ဘ၀ရဲ့
ခါးသီးမှုတွေအောက်မှာ
ငါဆက်ပြီးမရှင်သန်ပါရစေနဲ့
~~~ လွမ်းအောင် ~~~

No comments:

Post a Comment

......ကြိုက်ဒါဝေဖန်သွားပါ........