Tuesday, July 10, 2012

ရင်တွင်းဖြစ်ကဗျာများ(၃)

“ မ ” မင်းနဲ့ဝေးလျှင် ”
တစ်ခါမှမချစ်ဖူး
“ မ ” မင်းသာလျှင်အချစ်ဦး
အပြစ်တွေဘယ်လိုမြင်မြင်
“ မ ” မင်းကိုယ်ပဲ ချစ်ချင်
“ မ ” မင်းကလွဲရင် အားလုံးပဲ
“မောင်လေး”ငါ့ရဲ့အသဲမှာ ဖွဲဆန်ကွဲ
ဘယ်လောက်ပဲ ချောချော
ဘယ်လောက်ပဲလှလှ
“မောင်လေး” ငါသဘောမကျ
“မ“ မင်းနဲ့ဝေးလျှင်
နေမထိ “မောင်လေး” ငါသာအသိ
“မ” မင်းစဉ်းစားကြည့် ........

~~~ လွမ်းအောင် ~~~



“ ကဗျာ “
ကဗျာဆိုတာ ခံစားချက်ရှိသူတို့၏
ခံစားချက်ကို ဖွင့်ဟပြောဆို
ရေရွတ်ခြင်းကို ကဗျာလိုခေါ်တာ
“မောင်လေး”ငါလဲ မင်း“မ”နဲ့ပတ်သက်ပြီး
တောင်ရေး မြောက်ရေးနဲ့
ကဗျာလေးတောင်ဖြစ်သွားပြီလားမသိ
စားမရ မမ
အိပ်မရ မမ
အစွဲလမ်းတွေ ပေးပြီး
အသဲကျွမ်းအောင်
မလုပ်လိုက်ပါနဲနော် မမ .......

~~~ လွမ်းအောင် ~~~





“ချစ်သူနယ်မြေများ”
မိဘကိုဖယ်
လောကနယ်ဇာတ်လမ်း
အသက်မတူ
ဘ၀ယူဆင်မြန်း
ချစ်ရသူရင်ခွင်နန်းမှာ
မောင်လေးရဲ့အသဲနှလုံး
ပေးဆပ်ချင်တယ်..

~~~ လွမ်းအောင် ~~~





“ အကြည့် ”
အကြည့်ချင်းဆုံတိုင်း
ရင်ခုန်ရ
လွမ်းရ
တမ်းသတိုင်း
“မမ” အလှရူပကာ
မြင်သူ မောင်လေးမှာရွှင်ပြုံး
ဘ၀င်မဆုံး “မမ” အကြည့်
” မောင်လေး” ရဲ့ရင်မှာစွဲငြိ
“မောင်လေး” သာလျှင်အသိ
“မမ” စဉ်းစားကြည့်ပါ ...

~~~ လွမ်းအောင် ~~~






“အကြည်းတန် အထီးကျန်”
ရုပ်ဆိုးလို့ အကြည်းတန်
အထီးကျန်ရတော့မယ်ထင်ပါရဲ့ဗျာ ...
နှလုံးသားရှိသူတိုင်း ခံစားမှုရဲ့အောက်မှာ
ရူးသွတ်မူကိုဖြစ်တာ ဓမ္မတာပါ
(မောင်လေး) ငါ့လဲ အဲ့ဒိရူးသွတ်မူရဲ့အစ
ဝေဒနာတွေရခဲ့ရပါပြီ
ရုတ်မလှလို့ မချစ်ဘူးဆိုလဲ ၀မ်းမနည်းပါဘူး
ဘုရားရှင်က ရုပ်လှဖို့ထက်စိတ်လှဖို့
အရေးကြီးတယ် လို့ဟောထားတော့
(မောင်လေး) ငါ့အတွက်ကတော့အားဆေး
တစ်ခွက်ပါပဲ ...
(မောင်လေး) ငါရုပ်မလှပေမယ့်
စိတ်ထားလျနေလို့ပေါ့နော် ...........

~~~ လွမ်းအောင် ~~~





“ နှုတ်မဆက်ပါနဲ့ ”
နှုတ်မဆက်ခင်ျပေမယ့်
ဘ၀အခြေနေမပေးသာလို့
(မောင်လေး) ကိုယ်ချစ်ရသူနဲ့
တခဏသာ ဝေးရရင်လည်း
ဝေးရဲပါတယ် ချစ်သူ ....... “မမ”

~~~ လွမ်းအောင် ~~~







(မမ) မင်းလေး ရေ ............
(မမ) မင်းလေးရဲ့
ပါးပြင်နုနုလေးပေါ်မှာ
လူးထားတဲ့ သနပ်ခါးလေတွေဟာ
(မမ) မင်းလေး ရဲ့နကိုယ်လှပြီးတား
ရုပ်ရေကိုတိုးပြီး
လှစေသလို .....
(မောင်လေး) ကိုယ့်ရဲ့အချစ်တွေကလည်း
အဲ့ဒီသနပ်ခါးလေးလို
အမြဲမကွာ ရှင်သန်နေချင်တယ်ဆိုရင်
(မမ) မင်းလေး ဘာပြောအုံးမလဲ ... ချစ်မမ ...

~~~ လွမ်းအောင် ~~~







“ အင်တာနက်”
အချစ်ရေ ...
အင်တာနက်မှာ
အကြင်နာဖက်ပြီး
မင်္ဂလာရက်ရွေးလိုက်ရအောင်နော် ....

~~~ လွမ်းအောင် ~~~







“ ရုတ်တရက်”
နုတ်ဆက်မသွားတဲ့ (မောင်လေး) ကိုယ့်ကို
အမုန်းဖက်သွားပြီးလာလို့
ထင်ချင်ထင်မှားပေါ့လေ ...
“မောင်လေး” ကိုယ်ကတော့
“မမ”အတွက်ဆိုရင်
အမုန်းမဖက်ပြုံးလျှက်နှင့်ကြိုချင်ပါတယ်
ဒါပေမယ့် “မောင်လေး” ကိုယ်လျှောက်တဲ့လမ်းက ခယောင်းလမ်းဆိုတော့
အစစအရာရာ မပြည့်စုံတဲ့
“မောင်လေး” ကိုယ်ဘ၀ထဲတွဲပြီး
“မောင်လေး” ကိုယ်မခေါ်ရက်တော့ပါဘူး ....

~~~ လွမ်းအောင် ~~~






“ ကူညီပါဦးမိုးရယ်”
ထူးမြတ်တံချို လ၀ါဆို
ဝသန်ကာလ သမယ၀ယ် ...
ထိုစဉ်အခါ မိုးတွေရွာခိုက်
(မမ) ကိုထီးမိုးရင်းနဲ့
“မမ”ရဲ့ပါးပြင် နုနုလေးကို
“မောင်လေး” နမ်းရိုက်ချင်ခဲ့တယ်
“မမ”မကြိုက်ပေမယ့်
အငိုက်မတာပဲလား
အလိုက်သိတာပါနော်
အဲ့ဒါကြောင့်မို့
အမုန်းဆိုတာဝေးလို့
အပြုံးချိုသာလေးတောင်ပေးခဲ့သေးတယ်
“မောင်လေး”မှာတော့ ....
ထီးတစ်ချောင်းနဲ့မလုံမလဲ
ဟိုတုန်းက ဖြစ်ရပ်ဟောင်းကို
ပြန်တွေးမိသေးတယ် ...
မိုးရယ် (မမ) ရယ် .. ဖြစ်နိုင်မယ်ဆိုလျှင်
ကြယ်နှင့်လမမြင်ရတဲ့ ညမှာ
(မမ) နဲ့လမ်းမှာဆုံတိုင်း
အကြင်နာတွေမခွဲခွါရအောင်
တမင်သကာပင် ရွာချပါလား ... မိုးရယ်

~~~ လွမ်းအောင် ~~~






“ပန်းချယ်ရီ”
ပင်မြင့်မှာပွင့်
ပန်းတစ်ပွင့်မို့
နေခြည်ထိုး၍
မညှိုးစေချင်
လေပြေတိုက်၍
မကြွေစေချင် .. ပန်သူစော၍ မနွမ်းစေချင်
ချယ်ရီပန်းမို့
ရေကြည်ဖြန်းကာ
အမြဲထာဝစဉ် လန်းစေမည်
(မမ)ချစ်သူလေး ...
(မောင်လေး) ကိုယ့်ရင်ရင်ခွင်စီလှမ်းခဲ့ပါလားအစဉ်

~~~ လွမ်းအောင် ~~~





“ ကဗျာ ”
ကဗျာရေးတာ
နှစ်သက်ပေမယ့်
ကဗျာမညီ
စာမပီ
ကာရံမလှ “မောင်လေး”ဘ၀မှာ
ခံစားချက်ပေါင်းများစွာကို
“မောင်လေး”ရေးတား ထားတယ်
သီချင်ရင်တော့ ဖတ်တာကြည့်လိုက်ပေတော့ ...

~~~ လွမ်းအောင် ~~~







“နှင်းဆီ”
စန်းမြရေကြည်
ပန်းကေသီ
သင်းပျံမွှေးကြိုင်
နှင်းဆီခိုင်လို
အမြဲထာဝစဉ်
လှပနေတဲ့ (မမ) ကို ....

~~~ လွမ်းအောင် ~~~






“မေတ္တာ”
တွယ်တာနောင်ရစ်
မေတ္တာစစ်ဖြင့်
သစ္စာရွှေနန်း
ချစ်စရာပန်းလေးကို
အမြဲထာဝစဉ်
လှပနေတဲ့ အပြုံးပိုင်ရှင် (မမ) ....

~~~ လွမ်းအောင် ~~~






“ ချိုသာတဲ့ အပြုံး”
နှစ်ဦးတွေ့စဉ်
ဖွင့်ပြောချင်လည်း
ပြောလျှင်စိတ်ကွယ်
အနေခက်လို့
(မမ)ရှက်မှာလည်းစိုးမိတယ်
(မမ)ရှက်မှာစိုး တိတ်တခိုးနဲ့
နောက်ကျကြံရစ်
(မောင်လေး)ဖြစ်မှာလဲစိုးမိတယ်
ချိုသာတဲ့
အပြုံးနဲ့
သာယာတဲ့
အဖြေကို
ပေးပါကွယ်..
နော် (မမ) ...

~~~ လွမ်းအောင် ~~~





“ အနတ္တ”
ဆင်ခြင်ပေါ့ (မမ)လေးရယ်
ဇာရာဖုံးရင် အလှသုံးမှာမို့
အလှဆိုတာ ရှာမရ လုံးလုံးစိတ်မချရ
“ အနတ္တ” လို့ (မောင်လေး) မြင်တယ်
(မမ) ရယ်
(မောင်လေး)ကလူပျိုဘ၀မက်မောလေတော့
လွမ်းအောင်လေ
(မမ) ချွဲသော်လည်း
ဆောရီးပါပဲ နာ်
တာ့တာ ...

~~~ လွမ်းအောင် ~~~





“ ကမ္ဘနှင့်စစ်”
လောကမှာပြစ်ပါယ်လို့မရတဲ့အရာ
အပင်နှင့်အမြစ်
အကာနှင့်အနစ်
ကမ္ဘာနှင့်စစ်
လူသားနှင့်အချစ်လို့ပြောကြတယ်ဗျာ ...
(မောင်လေး)ကလောကသားမို့
အချစ်နဲ့ကင်းလို့မရပါဘူး
အချစ်မရှိတဲ့သူဟာ
နွေခေါင်ခေါင်
သဲကန္တာရထဲမှာပေါက်နေတဲ့
သစ်ပင်လိုပါပဲ
စိုပြေမူမရှိဘူး
ဒါကြောင့်(မောင်လေး)ကိုတော့
စိုပြေမူမရှိတဲ့ ဘ၀ကနေပြီး
အမြန်ဆုံးရေလောင်းပေါင်းသင်ပေးပါနော် ...

~~~ လွမ်းအောင် ~~~





“ ဆောရီးပဲ ”
လူပျိုလေးပေမို့
အထင်များသေးလေရောသလားကွယ်
နှလုံးသားမှာ သံမဏိတည်မို့
မြူဆွယ်မယ်ပုံစံမျိုးရယ်နဲ့မကြိုးစားနဲ့ကွယ်
တင်ပါးကျယ် ရင်သားထည်ထည်နဲ့
ဒေါက်ဖိနပ် လေဒီရှူး
ပလူချင်သလို ပလူပြပေမယ့်
အရူးမလို ဒို့ထင်တယ်
သမင်မျက်လုံး မူယာတွေသုံးကာသုံးသာနဲ့
ရှက်ပြုံးကလေးကြွ
မျက်ခုံးလှလှနဲ့ မက်လုံးတွေပေးကာပြသော်လည်း
အနိစ္စလို့လဲ ဒို့ထင်တယ် ...
ထွားညတ်ညတ်ပါးနှစ်ဘက် ဘယ်ညာ
ဆင်ထားတဲ့လည်ဟိုက်ဗရော့တွေနှင့်
ပရိုမီနမ်ခရမ်းသုတ်လိမ်းအမျှစာလည်း
ဒုက္ခပါပဲကွယ် ....

~~~ လွမ်းအောင် ~~~


No comments:

Post a Comment

......ကြိုက်ဒါဝေဖန်သွားပါ........