Saturday, August 1, 2009

ညီမျှခြင်းရဲ့ သက်ပြင်းသံ

ညီမျှခြင်းရဲ့ သက်ပြင်းသံ
ပြသနာတစ်ပုဒ်အဖြေထုတ်ဖို
့(ကျွန်တော်)သင်္ချာစာအုပ်ကို ဖွင့်လိုက်တယ်။
အဲဒီမှာ………….တြိဂံက စက်ဝိုင်းကို
မေးငေါ့ထိုးထောင့်မကျိုးတဲ့ကောင်…..တဲ့။
အပေါင်းက ပြောတယ်။
ရသမျှ အကုန်ထုတ်ပစ်တဲ့အနှုတ်ကို
အဖက်မလုပ်နဲ့ …တဲ့။
အနှုတ်ကပြောတယ်
အပေါင်းဆိုတာ
လာသမျှ လက်ခံယူ
ူဇူဇကာလို အကောင်မျိုးတဲ့။
အမြှောက်က
အစားကိုမုန်းဖြုန်းတီးလွန်းတယ်……တဲ့။
အစားက အမြှောက်ကိုပြောလောဘကြီးလွန်းတယ်တဲ့။
ကဲ…………ခင်ဗျားတို့ အချင်းချင်းအဲသလိုသာ
ငြင်းနေကြရင်ညီမျှခြင်း ဟိုဘက်က ပြသနာ
ကျွန်တော် ဘယ်လိုအဖြေရှာရတော့မှာလဲဗျာ။ ။
ရေးသားသူ............ ThuHtat

No comments:

Post a Comment

......ကြိုက်ဒါဝေဖန်သွားပါ........