ခန္ဓာကိုယ် အကျိုးအပျက်ကို စိတ်မှာတပ်စင်
အိပ်ခြင်းညကို ကုတ်ခြစ်စားသောက်ခဲ့ပြီး
အိပ် ယာထနောက်ကျခဲ့တယ်
အေရိုးဗစ် မကစားတတ်တဲ့ ငှက်ကလေးတွေပ
ဲကိုယ့် သမ်းဝေမှုနဲ့ ကိုယ်
နေကောင်းအောင်နေပေါ့
လရောင် ပဲ့ပဲ့ကျပြီး သေတာကို
နနွင်းရောင်ဝါတွေ ကခုန်နေတယ်မြင်မှတ်
လမ်းကိုဆေးသုတ်ဖို့ မှာခဲ့တာ
လမ်းကပြန်ဆေးသုတ်တော့
ညဥ့်နက်နက်ထဲ သူပျောက်ဆုံးတယ်
စိတ်ကူးတွေကပုတ်ပွ
ကောင်းကင်ကို နံ့ သာဖြူတွေ ဖျန်းပက်ရင်း
ရွာမယ့်မိုးတွေ
သင်းပျံ့မလား စောင့်မိတယ်
အိပ်ရာခင်းကို ရိုက်သက်လိုက်ပြီး
မနက်ခင်းကို
အရှင်လက်လက် မီးဖုတ်မလို့ လား
စေတန်ကို ဒေါလာသန်းငါးဆယ်နဲ့ ခေါ်ထားတာ
ငါ့ဘောလုံးကွင်းမှာ….
တောတ်ပနေတဲ့ အမှိုက်သရိုက်တွေ ရှင်းဖို့ သာဖြစ်တယ်။
No comments:
Post a Comment
......ကြိုက်ဒါဝေဖန်သွားပါ........