အထူးလျော့ဈေး(၁၅၀၀)
ရွှေတစ်ကျပ်သား (၄)သိန်းမှာ
နဝရတ်ကစိမ်းခဲ့တာ....။
မောင်ဗမာစက်ဘီးတစ်သောင်းခွဲ
ဇူးဇူးမောင်နှင့်လွဲ....။
ငကျွဲတစ်ပြည် (၅၀၀)မှာ
ပုလဲဝင်းကခွာ.....။
ကလီစာ တစ်ဆယ်သား (၄၀၀) ဈေး
အူဝဲလေးနဲ့ ဝေး.......။
လမ်းဘေးအဝစား (၅၀၀) တွင်
ချောရတနာကကြဉ်.....။
ဥာဏ်ယှဉ်ချွေတာ ဈေးကိုဆစ်
ကျွန်တော် မော်ဒယ် သုံးဆယ့်နှစ်...။
ဈေးချင့်ရင်းနဲ့ ကျန်ခဲ့တာ
လူပျို ဧရာမကြီးပါ...။
ကဗျာရေးကာ သိစေကြောင်း
ဒစ်စကောင့် ချလို့ ရောင်း...။
ရေးသားသူ….မင်းမြတ်ဘုန်း
No comments:
Post a Comment
......ကြိုက်ဒါဝေဖန်သွားပါ........