Saturday, August 8, 2009

မှတ်သားဖွယ်လမ်းညွှန်စကား

ပေါင်မြို့ ၊ကဒါမြို့ သစ်ရက်ကွက် မင်္ဂလာဈေး ၏အနီးတွင်ဖြစ်၏။ အသက် နှစ်ဆယ့်ငါးဝန်းကျင်။အရွယ်ငယ်ငယ်ခန္ဓာအချိုးစားက တကယ့်မော်ဒယ်မစတိုင်။ နေ့ ညနံနက် ကာလသုံးပါးမရွေး မြင်သူငေးရလောက်အောင် လှရက်လွန်းသူ ဖြူပြာ မည်တွင်သည့် စိတ်ဝေဒနာရောဂါသည်မလေးအားဆိုက်ကားသမားများနှင့် ဈေးသည်မများကတစ်ယောက်တစ်ခွန်း ဝိုင်းဝန်းစနောက်နေကြသည်။“ ဟဲ့..ဖြူပြာ၊ညည်းက သနပ်ခါးတွေ ခြေဆုံးခေါင်းဆုံးအဖွေးသားနဲ့၊ပန်းတွေလည်းပန်လို့ ၊ဘယ်မော်ဒယ်ရှိုးပွဲသွားမလို့ လဲဟ” ဆိုက်ကားသမား ကိုတိုးကြီးက ပင့်ပြောလေးပြောလေးလိုက်သည်။တစ်နည်းအရူးဘုံမြှောက်ပေးလိုက်၏။“အဟိ...ခွိ..ခွိ...ခစ်...ပေါင်မြို့ နယ်လှယဉ်ကျေးမယ်ပြိုင်ပွဲမှာ ဖြူပြာ ပထမရလိုက်တာတော်တို့ မသိလိုက်ကြဘူးလား၊အလကားဟာတွေ ဘာမှကိုမသိဘူး၊အဲ...ဒိနေ့ လှယဉ်ကျေးမယ်ဘွဲ့ ရယ်၊သရဖူရယ်မုခရယ်၊ကျော်သီဟ ရယ်တပင်ရွှေထီးရယ်ဆိုတာတွေ ကိုဆုသွားယူရမှာလေ...ဟိ..ဟိ...”“မိုက်တယ်ကွာ...ဖြူပြာတို့ ကပေါင်မြို့ နယ်လှယဉ်ကျေးမယ်ဆိုပါလား”“ဝါး.....ဟား...ဟား...” ဆိုက်ကားသမားများနှင့်ဈေးသည်မများတဝါးဝါးနှင့်ပွဲကျနေ၏။ဖြူပြာက ဖနောင့်လေးပေါက်၊နှာလေးကောက်၊နှုတ်ခမ်းလေးထော်လိုက်ရင်း “ဘာလဲ ရှင်တို့ ကဖြူပြာကိုမယုံကြဘူးပေါ့.......ဟင့် ” သံပြုလျက်ရှက်စနိုးဟန်လုပ်ပြ၏။အားလုံးငြိမ်ကျသွားကြ၏။ခရမ်းချည်သီးသည် မငွေအေးက ဖြူပြာနံဘေးနားရှိ တီဗွီဂျပ်ဖာပုံးကြီးထဲမှ ကလေးပိစိကွေးလေးအားလှမ်းကြည့်မိသွားလျက် “ ဟဲ့...ဖြူပြာ အဲဒါညဉ်းကလေးလား၊ဘယ်အထူးကုမှာဘယ်တုန်းကသွားမွေးလိုက်တာလည်း၊ရွှေပန်းငေါက်တောတ်လေးနဲ့ တော့ ။ချစ်ချင်စရာလေးဟယ် ငါ့ကိုပေးနော်၊ငါ့မှာဘာမှအသုံးမကျတဲ့ ခိုင်းစားလို့ မရတဲ့ သမီးနှစ်ယောက်ပဲရှိလို့ ပါအေ။ငါသားသမီးမရတော့လေ သားယောက်ကျားလေး မွေးချင်လိုချင်လေလေ ဖြစ်နေခဲ့ရတာညဉ်းလည်းသိသားနဲ့ အေ။ဒီကလေးငါ့ကိုအပိုင်ပေးလိုက်တော့နော်” ဟုလှမ်းစလိုက်၏။ဖြူပြာ ပြောလိုက်သောစကားကြောင့်အနီးအနားရှိလူများ ပတ်တုတ်လို့ မရအောင်ရယ်မောကြလေတော့သည်။ထိုစကား မှာ “အံမယ်....အံမယ်။ဒီလိုလွယ်လွယ်နဲ့ ရမလားအေ့၊ငါ့ကလေးကိုသယ်သူ ကိုမှ မပေးရေးချမပေးဟေ့၊ဒီလိုချစ်စရာကောင်းတဲ့ သားမျိုးလိုချင်ရင် ညဉ်းလည်းငါ့လို ညညဆိုဟိုလမ်းထိပ်က မီးကင်းတဲမှာသွားသွားအိပ်ပါလား...ဟေ့...ဟွန့်  ” ဟူ၏။ ။

No comments:

Post a Comment

......ကြိုက်ဒါဝေဖန်သွားပါ........