Saturday, August 8, 2009

အလိုရှိသည်...

****----မိန်းမကလည်းမရှိဘူး---ရည်းစားဆိုတာ မရှိပါဘူး--ရုပ်ချောလှတဲ့ လူပျိုပါ---မုဆိုးမတော့မလိုချင်ပါ****ဒါဒါဒါ...ဒီဒီဒီ...ဒါဒါဒါ....အဲဒီလက်ဘက်ရည်ဆိုင်ဟာ ကျွန်တော်ထိုင်ပြီဆိုမှဖြင့်အဲဒီသီချင်းကိုပဲ ဖွင့်တော့တာပဲ။ တခြားသီချင်းခွေမရှိတော့ဘူးထင်တယ်ပြောအုန်းမှပဲ....''ဟေ့ တယောက်လာဦး'' ''ဟုတ်ကဲ့အန်ကယ်ပြော'' '' မင့်ဘကြီးအန်ကယ်ပါလား။ငါ့အသက်က သုံးဆယ်ကျော်လေးဆယ်ကျော်လေးရှိသေးတယ်'' (သုံးဆယ်ကို ကိုးနှစ်နဲ့ ဆယ်လလောက်ပဲကျော်သေးတာကို)''အာဆောရီး ဆောရီး အန်ကယ်...အဲ၊အဟဲ အကိုကြီးတောင်းပန်ပါတယ်နော်အကိုကြီး၊မသိလို့ ပါ အဟဲ။'''' ထားပါတော့..ထားပါတော့၊မင်းတို့ ဆိုင်မှာတခြားသီချင်းခွေမရှိဘူးလား၊ငါလာထိုင်တိုင်းဒီသီချင်းပဲဖွင့်သံကြားရတယ်။'' ''ဟာ..အန်..အဲ..အဲ.အကိုကြီးကလည်း။ဒါအခုခေတ်စားနေတဲ့ သီချင်းအကိုကြီးရ။ခေတ်နဲ့ အညီနေစမ်းပါအကိုကြီးရာ၊ဒါမှ နုပျိုပြီးလန်းနေမှာနော်..အဟဲ ဟဲ ဟဲ'' ခွေးကောင်လေး၊သူပြောကာမှဒီသီချင်း၊နားမထောင်ရင် ကျွန်တော်မှာမလန်းပဲညှိးနေရမလို လို.....အဲ။''ကဲ ကော်ဖီမစ်တခွက်ပေးကွာ'' ''နို့ ကြိုက်လားအကိုကြီး၊ဟိုလေနို့ ကျဲပေါက်ခဲ့ရမလားလို့ မေတာပါ''''မင်း...သွားကွာ..သွား၊မင်းဟာနို့ ကျဲကော..နို့ ပျစ်ပါ လုံဝမထည့်ခဲ့နဲ့ ။''ကြည့်စမ်း...ကျွန်တော်မှာသူနဲ့ ချေအတင်ပြောဆိုနေရတာနဲ့မြင်ကွင်းကောင်းတခုလွတ်တော့မလို့ ။ဆိုင်ရှေ့မှာဖြတ်လျှောက်သွားသောခေတ်၏သမီးပျို ကောင်မလေးသုံးယောက် တော်တော်လှသည်။အားလုံး..စွဲမက်ဖွယ်ကောင်းစွာလှကြပါ၏။အသက်ကလေးတွေကနှစ်ဆယ်ပင်မပြည့်လောက်သေးအမေကလည်းကျွန်တော်ကိုဘာလို့ များ အနှစ်နှစ်ဆယ်လောက်စောပြီးမွေးခဲ့ပါလိမ့်။အဲဒါအမေ့ကြောင့်ပဲဖြစ်မည်။ဘဝခြားသွားရှာပြီးဖြစ်သောမွေးသဖခင်သာကြားလျှင်ဖနောင့်နဲ့ လာပေါက်လိမ့်မည်ထင်သည်။“ မင်ကြည့်ရတာစိတ်မချမ်းသာလိုက်တာသူငယ်ချင်းရာ၊ကိုယ့်အဝတ်ကိုယ်လျှော် ကိုယ့်ထမင်းကိုယ်ချက်စားဟား..ဟား..မလွယ်ပါလားကွာ၊” ခင်မောင်ကိုကျွန်တော်ဘုကြည့်ကြည့်ပစ်လိုက်သည်(အလိုလိုမစွံရတဲ့အထဲသင်းကတမျိုး) “ဟ ကောင်ရအဲဒါဒုက္ခညိမ်းတာပေါ့ကွာ၊မင်းလိုကလေးတိုးလို့ တွဲလောင်းနဲ့၊အဝတ်မလျှော်ရထမင်းမချက်ရတာနဲ့ တော့ကျန်တဲ့ ဒုက္ခတွလည်း မယူချင်ပေါင် မောင်ရာ”(ပြောမှသာပြောရတာစိတ်ထဲကပါတာမဟုတ်ဘူး) ခင်မောင်ကအဝတ်လျော်နေသောကျွန်တော့်ထံလှမ်းကြည့်ရင်း အိမ်ရှေ့လှေကားထစ်မှာထိုင်ကာချီထားသောကလေးကိုရင်ခွင်ထဲပြောင်းပွေ့ ပြီး- “မင်းကအဲဒါပဲကြည့်တာကိုးကွ။ဒုက္ခဆိုတာတစ်ယောက်ထဲခံစားလို့ မကောင်းဘူး။ဪ သုခဆိုတာလည်းအတူတူမျှဝေဖော်လေးရှိမှစိုပြည်တာကွ။အိမ်ထောင်ပြုတယ်ဆိုတာ ငါဒါတွေသက်သာအောင်လို့ ဆိုတဲ့ သာစေ နာစေစိတ်နဲ့ မတွတ်ရဘူး။ဘဝခရီးကိုအတူတူလက်တွဲလျှောက်လှမ်းရမယ့် သူချင်းအတူ အေးအတူပူအမျှ၊အပေးယူ ညီညီမျှမျှနဲ့သွားဖို့ လိုတယ်ကွ၊မင်းတွတ်သလို တဖက်သတ်ချည်းတော့စဉ်းစားလို့ တော့မရဘူး သူငယ်ချင်းရ” “အေးပေါ့ကွာ...မင်းကသားနဲ့မယားနဲ့ ဆိုတော့ ပြောအားရှိတော့ပြောထားအုန်းပေါ့ကွာ။ အေး ငါလည်း မယားကော သားကောတစ်ပြိုင်တည်းရမှ မင်းကိုပြန်ချေမယ်ဟေ့ကောင်၊ အခုတော့နေနှင့်ဦး” “ဟ..သူငယ်ချင်းမင်းပေါက်ကရတွေလျှောက်မလုပ်နဲ့နော်၊မင်းပြောသလိုတပြိုင်တည်းရအောင်ဆိုတော့ ကလေးအမေ မုဆိုးမယူမှရမှာဘဲ...အဟား..ဟား..ဟား..“ခွေးမသား”ခင်မောင်ကိုဆဲရင်းလက်ထဲကဆပ်ပြာခဲနဲ့လှမ်းပေါက်မလို့ ရွယ်ပြီးကာမှ ကလေးကိုထိသွားမှာစိုးသဖြင့်ပြန်ချထားလိုက်ရသည်။ တစ်ကယ်ပါ..ကျွန်တော်ကကလေးချစ်တတ်တယ်။သူများကလေးတွေကိုပဲချစ်နေရတာအားမရလှပါ။ခက်သည်က ကလေးဆိုတာအဲဒီကလေးကိုမွေးမည့်မိခင်ရှိမှဖြစ်တာမဟုတ်လား။“မင်းဒီတခါတော့မညင်းနဲ့ ဖိုးအောင်။မင်းအဖေနဲ့ အမေနဲ့မရှိတဲ့နောက် မင်းဘဝမင်းတယောက်ထဲကျောင်းနေတာကိုအစကတော့ ဘာမှမပြောလိုပါဘူး” ဒါဖြင့်ဘာလို့ ခုမှပြောတာပါလိမ့်။ဦးကြီးကိုကျွန်တော်တချက်စွေကြည့်လိုက်ပြီး တီဗီဖန်သားပြင်ပေါ်သို့ ပြန်ပြီးအာရုံစိုက်လိုက်သည်။ဂြိုလ်တုစလောင်းထဲမှလာသော MTV အစီစဉ်ထဲမှာ J.LO တဟ်ယောက်ပစ်စလက်ခဲ့ရက်ရက်ရောရော အားပါးတရလှုပ်ခါကပြသီဆိုနေ၏။ “ကဲဘယ်လိုလည်းဖိုးအောင်” “အင်..ဦးကြီးဘာပြောလိုက်တာလဲ”ဦးကြီးစိတ်တိုသွားပုံရ၏။တီဗီ ရီမုဒ်ကိုယူပြီးဖြတ်ခနဲ ပိတ်လိုက်၏။ သွားရှာပေါ့ J.Lo လေးရယ်။“မင်းကိုမိန်းမယူဖို့ ပြောနေတာကွ” “အာ..ဦးကြီးကလည်း..ကျွန်တော်အေးအေးနေပါရစေဦး”“ဘာကွ-အေးအေးနေရအောင်မင်းက ကလေးမဟုတ်တော့ဘူး” “ဒါကတော့ကျွန်တော်ကိုကျွန်တော်သိပါတယ်ဦးကြီး၇ဲ့..အဟီး..” “ခွေးကောင်ပြောင်ချောချောလုပ်မနေနဲ့ ။အသက်ကြီးလာရင်အနားမှာဆေးပေးမီးယူရှိမှအဆင်ပြေမှာ။မင်းကိုမင်းလည်းပြန်ကြည့်အုန်းအသက်ကလေးဆယ်ကျော်တော့မယ်။ခေါင်းမွှေးကလည်းဖြူနေပြီ” “ဦးကြီးကလည်းလေ အကင်းမပါးလိုက်တာ၊ကျွန်တော်ကနည်းနည်းလေမူကြည့်တာပေါ့အဟဲ။မိန်းမပဲယူချင်တာပေါ့ဦးကြီးရဲ့၊မရလို့ ဟာကို” “ခွေးတိရစ္ဆာန်ငါတော့တကယ်များမယူတော့ဘူးလားလို့  ပြောလိုက်ရတာအာပေါက်တော့မယ်။” “ဦးကြီးကလည်း ကျွန်တော်က ဦးကြီးတူ အရင်းခေါက်ခေါက်ပဲဟာ၊ဖြစ်နိုင်ရင် ဦးကြီးလိုမေမေကြီးကော တပြိုင်တည်း တောင်ယူချင်သေးတယ်-အားလားလားနာတယ်ဗျ” ကျွန်တော်ပစ်ချက်ကဦးကြီးအရှိုက်ကို တည့်တည့်မှန်သလို၊ဦးကြီးပစ်ချက်လည်း(လက်ထဲကိုင်ထားတဲ့တောင်ဝှေးနဲ့)ကျွန်တော်ခေါင်းကိုဒေါင်ခနဲပဲ။ အဲလိုနဲ့ ဦးကြီးသဘောတူတဲ့ကောင်မလေးနဲ့ ကျွန်တော်ကိုသီတင်းကျွတ်ရင်(အဟိ)။ ကျွန်တော်မှာတော့ သူငယ်ချင်းတွေကော၊အပေါင်သင်းတွေကော၊အလုပ်ထဲကသူတွေရော၊လက်ဘက်ရည်ဆိုင်ကကောင်တွေရော- အို ..ရှိရှိသမျှအကုန်လုံကိုအားပါးတရကြွားထားတာ၊ အိပ်ရာခန်းနားဆိုရင်မန္တလေးထိအမှတ်တရသွားဝယ်ထားရတာ။ ဖိတ်စာကိုလည်းတကယ့်ရှယ်။ မင်္ဂလာဆောင် တခုလုံးလည်း VCD ရိုက်ဖို့ နောက်ခံသီချင်းတွေတောင်ရှယ်ရွေးထားတာ။ အခုတော..့တောတ်။တကယ်ဆိုသူ့ မှာအဲလိုအစီစဉ်ရှိရင်အစကထဲကငြင်းပါ့လား။အစကတော့ဦး ဦး နဲ့ အခုမှ ရူးအောင်လုပ်ထားခဲ့ ပြီး။တစ်ကယ်ပါမကောင်းတတ်လို့ ဖြစ်နိုင်ရင်။သူ့ အကောင်ကိုပါခေါ်ပြီးမင်္ဂလာဆောင် အတွတ်ပြင်စင်ထားတာ အားလုံးပြပြီး။ကဲ မင်းတို့ နှစ်ယောက်ပဲမင်္ဂလာဆောင်ကြတော့။ကုန်ကျစရိတ်အားလုံးကိုငါပဲလက်ဖွဲ့ လိုက်ပါ့မယ်လို့ တောင်ပြောပစ်လိုက်ချင်တာ။ အခုတော့ဖိတ်စာဝေတဲ့နေ့ ကျမှသတို့ သမီးကသူ့ ကောင်လေးနောက်ကိုလိုက်ပြေးသွားတယ်ဆိုတော့ သတို့ သားဖြစ်တဲ့ကျွန်တော်မှာမျက်နှာကိုဓါးနဲ့လှီးပစ်ချင်နေတာ၊(နာမှာကြောက်လို့ သာ)။ တောက်...လဲသေလိုက်ဖို့ ပဲကောင်းတော့တယ်။ဒါပေမယ့်ကျွန်တော်ကမိန်းမမရသေးပဲနဲ့ တော့မသေချင်သေးဘူးဗျ(အဟီး)“ပင်စိမ်းသီး...နေဆာလောင်...မိန်းမလက်ဆောင်ပေးရအောင်...ဟေ့..ပေး၇အောင်” အရေးထဲဒိအချိန်ကျမှအဲဒီအိမ်ကအဲဒီသီချင်းဖွင့်၇တယ်လို့ ။အင်း..ကျွန်တော်ဘဝကတော့လည်း အဲလိုလက်ဆောင်ပေးမယ့်သူရှိမှပဲ မိန်းမရတော့မယ်ထင်ပါရဲ့။ဒါနဲ့ စကားမစပ်ဗျာ။ကျွန်တော်ကိုသနားရင်မိန်းမတယောက်လောက်လက်ဆောင်ပေးပါလား...ဟီး...

No comments:

Post a Comment

......ကြိုက်ဒါဝေဖန်သွားပါ........