Wednesday, August 15, 2012

My name is Yuyum အမည် ဖြင့် virus တစ်မျို်းထွက်ရှိ………


My name is Yuyum အမည်ဖြင့် virus တစ်မျိုးပေါ်ထွက်နေတယ်လို့ အင်တာနက်ဂျာနယ်
အတွဲ(၁၃) အမှတ်(၄) ကြာသပတေးနေ့၊ဇန်န၀ါရီ(၂၆)ရက်၊၂၀၁၂ခုနှစ် မှာဖော်ပြထားပါတယ်။အဆိုပါ
Virus သည် ကွန်ပျူတာအား ချက်ချင်းပျက်စီးစေတာမပာုတ်ဘဲ၊ကွန်ပျူတာအတွင်းရှိ
မူရင်းဖိုင်များကိုပွားကာ ကွန်ပျူတာအားလေးလံအောင်ပြုလုပ်ပါတယ်။ကွန်ပျူတာတွင် အဆိုပါ virus
ဝင်နေပါကMyDocuments အောက်တွင်MynameisYuyum.rtf နှင့်BacaAQ.rtfဖိုင်နှစ်ခုတည်ဆောက်မည်ဖြစ်ပြီး၊
ကွန်ပျူတာအတွင်းရှိအခြားfolderများကိုလည်းအခြားအမည်များဖြင့်ပုံတူများတည်ဆောက်မည်ဖြစ်သည်၊
အဆိုပါ virus မိမိကွန်ပျူတာတွင် ၀င်ရောက်ပါက စက်သည်သိသိသာသာ နှေးကွေးလာမည်ဖြစ်ပါသည်၊
            My name is Yuyum virus ကို သတ်မယ်ဆိုရင်တော့ task managerကိုခေါ်ပါ(ctrl+alt+del)
Window7 မှာဆိုရင်တော့(Ctrl+Alt+Del) ကိုနှိပ် Start Task Manager ကို ရွေးပြီး ကလစ်ပါ၊နောက်
Processes အောက်က wscript.exe ကို end process လုပ်ပါ၊နောက် system configurationသို့ဝင်ရောက်ကာ :Microsoft Office Update နှင့် Database  နှစ်ခုလုံးကို Disable လုပ်ပါ။ထိုသို့ ဖျက်ပြီးပါက
D: (သို့)E: အတွင်းမှ Diskeeper ဖိုင်ကို ဖျက်ရမည်ဖြစ်သည် ၊ထိုသို့ပြုလုပ်ပြီးပါက window search

အတွင်းမှ*.inf ကို ရိုက်ပြီးရှာလိုက်ပါ auto run ဖိုင်များပေါ်လာမည်ဖြစ်သည်၊ဒီဖိုင်တွေကို Shift+Del
နှိပ်ကပြီးဖျက်ရပါမယ်၊ဒါဆို ကွန်ပျူတာကို ကူးစက်ခြင်းရပ်တန့်သွားမည်ဖြစ်သည်။နောက် window search တွင်*.rtfရိုက်ပြီးရှာလိုက်ပါ ဖိုင်များပေါ်လာပါလိမ့်မယ်၊ထိုဖိုင်များအတွင်းမှ   My name is Yuyum.rtf နှင့်
BacaAQ.rtf များကို  Shift+Del နှိပ်ကာ ဖျက်ရပါမယ်၊နောက်တစ်ဆင့် အနေနဲ့တော့ virus မှ
ပြုလုပ်ထားသောဖိုင်အတုများကိုဖျက်ရမည်ဖြစ်သည် ထိုဖိုင်များကို ဖျက်ရန်အတွက် *.lnk
ရိုက်ကာရှာလိုက်ပါ၊ပေါ်လာသောဖိုင်များမှMicrosoft အမည်ဖြင့်မလိုအပ်သောဖိုင်များကို Shift+Del နှိပ်ပြီးဖျက်လိုက်ပါက virusကင်းစင်သွားပြီဖြစ်သည်၊ဒါက anti-virus တင်ထားသောစက်များတွင် update ပြုလုပ်ကာသတ်နိုင်ပါတယ်

No comments:

Post a Comment

......ကြိုက်ဒါဝေဖန်သွားပါ........