Friday, August 17, 2012

Zorin OS 6


Linux distro များထက် windows အတွေ့ အကြုံကိုပြန်လည်ဖန်တီးပေးနိုင်သည့် Ubuntu အခြေခံ
Zorin OS 6 ဖြစ်သည်။Windows ကဲ့သို့ သော် interface ကိုအသုံးပြုထားသည့်အတွတ် screen ၏ ဘယ်ဘက်
အောက်ထောင့်တွင် Start ခလုတ်ကိုတွေ့ ရမည်ဖြစ်ပြီး Screen ၏ညာဘက်အောက်ထောင့်တွင် natification
area, clock, volume control စသည်တို့ ကိုတွေ့ ရမည်ဖြစ်သည်။ Start ခလုတ်ကိုနှိပ်လိုက်သည့်အခါတွင်
Program စာရင်းနှင့် search tool တို့ ပေါ်လာမည်ဖြစ်သည်။
အခြားသော် interface များအဖြစ် Zorin Look Changer တွင်ပါဝင်သည့် Windows XP , Mac OS X နှင့်
GNOME 2 တို့ ကိုရွေးချယ်အသုံးပြုနိုင်သည်။ Zoiin OS 6 တွင် Google ၏ Chrome browser, LiberOffice,
Thunderbird နှင့် GIMP ကဲ့သို့ အသုံးတည့်စေမည့် ဆော့ဖ်ဝဲအမြောက်အများပါဝင်လာပြီး iTuns အပါအ၀င်
Windows program များကိုထည့်သွင်းအသုံးပြုနိုင်မည့် Play Onlinux ကိုလည်း ထည့်သွင်းပေးထားသည်။
Zorin OS 6 ကို 32-bit နှင့် 64-bit ဗားရှင်းဖြင့် Download ရယူနိုင်ပြီး download ရယူထားသည့် ISO ဖိုင်ကို

DVD အလွတ်တွင်ကူးယူခြင်းဖြစ်လည်းကောင်း၊ UNetBootin ဟုခေါ်သည့် utlity မှတစ်ဆင့် USB drive
bootable အဖြစ်ဖန်တီးခြင်းဖြစ်လည်းကောင်းအသုံးပြုနိုင်မည်ဖြစ်သည်။ Installation ပြီးဆုံးသည့်အခါတွင်
OS ကို DVD နှင့် USB drive မှ boot လုပ်နိုင်သလို လက်ရှီ Windows နှင့်တွဲဖက်ကာ dual-boot အနေဖြင့်
လည်းကောင်းအသုံးပြုနိုင်ပါသည်။လိုချင်ရင်အောက်မှာပေးထားတဲ့လင့်မှာသွားဒေါင်းပါ။

Click to download Link

 Zorin OS 6 Install လုပ်ပုံကိုသိချင်ရင် YouTube မှာတင်ထားတာရှိပါတယ်။ ဒီကနေ သွားကြည့်ပါ။

No comments:

Post a Comment

......ကြိုက်ဒါဝေဖန်သွားပါ........