Saturday, August 1, 2009

သိပါစေ

သိပါစေ
ဥသြတွန်သံ ကြားတယ်
နွေဦးပေါက်ပြီ ထင်ပ
ဪ……………
ပိတောတ်တွေ ဖူးပွင့်
ဘာလိုလိုနဲ့  နှစ်သစ်ကူးခဲ့ပြန်ပေါ့
ချစ်သူရေ……
နှစ်သစ်ဘယ်လောက်ကူးကူး
အသစ်မဖြစ်တော့တဲ့ နှလုံးသားနဲ
အရှုံးတွေ ရင်ဝယ်ပိုက်
အလွမ်းမျက်ရည်တွေ ဝေသီလို
နာကျဉ်းမှု၊ နာကျင်မှုတွေနဲ့  ငါ
မနက်ဖြန်များစွာကို ဦးတည်ချက်မဲ့
ဖြတ်သန်းနေတာ မင်းသိပါစေ။
ရေးသားသူ....ThuHtat

No comments:

Post a Comment

......ကြိုက်ဒါဝေဖန်သွားပါ........