Monday, August 3, 2009

မမေ့နိုင်သော တနင်္ဂနွေ

ဒီလိုအဖြစ်ပျက်မျိုး တချို့ တွေ့ ဖူးကြုံဖူး မြင်ဘူးကြပေမည်၊ ကျွန်တော်ကတော့ကိုယ်တိုင်ဖြစ်ပျက်ခဲ့သည်။ပြန်တွေးရင်ခုထိကြက်သိမ်းတောင်ထမိနေတယ်ဗျာ အဟုတ်။...ဖြစ်ပျက်ပုံကဒီလိုဗျ......တနင်္ဂနွေ နေ့ တနေ့ ဖြစ်သည်။ကျွန်တော်ဒီနေ့ အလုပ်ကိစ္စတခုကြောင့်မော်လမြိုင် သွားရတဲ့နေ့ ပေါ့ဗျာ။ကျွန်တော်နေတာကပေါင်မြို့ လေးမှာပါ။ရန်ကုန် ကဘက်လာရင်တော့မော်လမြိုင်မရောက်ခင်ဖြတ်သွားရတဲ့ မြို့ လေးတမြို့ ပါပဲ။ ပေါင်မြို့ ကနေမောင်လမြိုင်ကိုတော့ကား ၁ နာရီိလောက်စီးရသေးတယ်ဗျ။အဲဒီတနင်္ဂနွေက ကျွန်တော်အိမ်ကစထွက်ကတည်း ကံမကောင်းဘူးဗျ။ထွက်ထွက်ခြင်းအိမ်ကခွေးအမြီးကိုတတ်နင်းမိလို့ ခွေးကအော်ေ်တာလန့် ဖျက်ပြီး ခုန်လိုက်တာလုံချည်တောင်ကျွတ်မတတ်ပါပဲဗျာ....ဟီး...။အဲဒီလို ကံမကောင်းခြင်းနဲ့ပဲမော်လမြိုင်ကိုရောက်ခဲ့တာပေါ့။တနင်္ဂနွေနေ့ ဆိုတော့ကျောင်းပိတ်ရက်ဖြစ်တော့မော်လမြိုင်အောက်ဈေးလေးမှာဈေးဝယ်သူကျောင်းသူကျောင်းသားတွေနဲ့ပြည့်နှပ်နေတာပေါ့ဗျာ။ကျွန်တော်လည်းမယောင်မလည်နဲ့ ဈေးထဲမှာလျှောက်သွားနေမိချိန်ပေါ့။ဖူးစာဆုံချင်တော့အရူးမလေးတယောက်ထိုနေရာမှရှိနေသည်။ကျွန်တော်က အရူးဆို အလွန်ကြောက်တာဗျ။ငယ်စဉ်ကတည်းက အရူးမတွေမြင်ရင် အမေ့ရင်ခွင်ထဲအတင်းပြေးပုန်းခဲ့၏။ ဘယ်ဘဝကဝဋ်ကြွေးကြောင့် အရူးကိုအဲဒီလောက်တောင်ကြောက်နေသလဲဆိုတာ ကိုယ့်ကိုယ်ကိုပင် မသိတော့ပါဘူးဗျ။ အခုလည်းအရူးမကို မြင်လိုက်ရတော့ ကြောက်နေပြန်မိသည်။ဒါပေမယ့် အခုအရူးမကတခြားအရူးတွေနဲ့ မတူဘူးဗျ။ ဘယ်သူတွေများဘာလုပ်ထားသည်မသိ။ပူစီဘောင်းလို ဗိုက်ကြီးတလုံးနှင့်.....................ကျွန်တော်သည်နဂိုကတည်းက အရူးဆို ခပ်လန့် လန့်ရှိတော့ ထိုအရူးမကိုဗြောင်မကြည့်ရဲ၍ သူတခြားဘက်လှည့်နေသည့်အချိန်မှာခိုးကြည့်မိသည်။ကံဆိုးချင်တော့ သူကလည်းကိုယ်ကြ ည့်၊ကိုယ်ကလည်းသူကြည့်၊နှစ်ဦးသား အကြည့်ချင်းဆုံနေတော့၏။ရင်ထဲမှာတော့“ဒိတ်” ခနဲနှလုံးသားတချက်ခုန်သွားသည်။(ဟဲ..ဟဲ..ကြောက်လို့ ပါဗျာ) အရူးမလည်း သူ့ ကိုကျွန်တော်ကြည့်နေတာ မြင်တော့ သူ့ ရဲ့ပူစီဖောင်းလို ဗိုက်ကြီးကို လက်ညှိုးထိုး၍ ကျွန်တော်ရှိရာကိုတည့်တည့်လှည့်ကာ “ဟဲ့...ဘာကြည့်နေတာလဲ...ဒီဟာက နင်လဲပါတယ်နော်”ဟုဆိုလေသည်။ဈေးသူဈေးသားတွေနဲ့ ကျောင်းသူလေးများလည်း ကျွန်တော်နှင့်အရူးမကိုကြည့်ကာ မပြုံးပဲနဲ့ ဝါးလုံးကွဲ ရယ်မောကြလေတော့သတည်း။ကျွန်တော်လည်းအဲဒီနေရာကမပြေးရုံတမယ်ခြေလှမ်းတွေနဲ့ သုတ်ခြေတင်တော့တာပေါ့ဗျာ။အိမ်ပြန်ရောက်တာတောင်ရင်ခုန်မှုကမပြေသေးဘူးဗျာ။(ဟီး..ကြောက်လို့ နော်)ကျွန်တော်လည်းကြောက်ကြောက်နဲ့ ကဗျာလေးတပုဒ်စပ်လိုက်တယ်ဗျာ။အောက်ကကဗျာလေးပါပဲ........

ခြားနားခြင်း
ကျွန်တော်ရူပါဒီမျက်နှာ
တူပါတယ်တဲ့ “အီတိုး” နဲ့ ။
ကျွန်တော်လေသံချိုသာညံ
တူပြန်ပြီတဲ့ “မျိုးကြီး” နဲ့ ။
ကျွန်တော်ခန္ဓဒီကိုယ်က
တူလှချည်ရဲ့ “လူမင်း” နဲ့ ။
ကျွန်တော်ပုံစံမင်းသားဟန်
ယူရန်မိန်းမ မရှိခဲ့ ။
သည်လိုဖြစ်ထူးရှိခဲ့ဖူး
“ အရူးမ” ကကြိုက်လို့ တဲ့။ ။
ရေးသားသူ….ThuHtat

No comments:

Post a Comment

......ကြိုက်ဒါဝေဖန်သွားပါ........