Monday, August 3, 2009

ကြိုးများ

ကြိုးများ

နေရင်းထိုင်ရင်း ရင်ထဲတင်းကျပ်လာတဲ့ သံယောဇဉ်ကြိုးတွေ
လမ်းလျှောက်ထွက်သွားလိုက်တော့ ကောင်းကင်နဲ့ ငြိနေတဲ့
ဓါတ်ကြိုးတွေ။
မသန်စွမ်းတဲ့ဘဝတွေက လွှန်တင်ထားတဲ့ မျှော်လင့်ချက်တွေ
တဖျက်ဖျက်နဲ့ စွန်ကြိုးတွေ။
ရင့်သီးရက်စက် ပါးစပ်တွေ တဒီးဒီလည်နေတဲ့ လွှသွားအရင်းက
ခါးသက်မာကြောကြိုးပြားတွေ။
အေးအေးလူလူ သီချင်းတစ်ပုဒ်ကို ထပ်တလဲလဲဆိုနေတဲ့သူ
တောင်းစားအဘိုးအို လက်ထဲက အဆီဝနေတဲ့တယောကြိုးတွေ။
တစ်ခုခု ပါလားမလို့  တွင်းထဲငင်နေကျ အအေးမိနေတဲ့
ရေပုံးကြိုးတွေ။
ဖိနပ်ကြိုးကို ပြင်ချည်လိုက်တယ်။
ဒီခရီးကို ငြီးငွေ့ လာမိရင်ဒီလိုပဲ။

ပြန်လာတော့လည်း အခန်းကျဉ်းကလေးကိုကြက်ခြေခက်ထားတဲ့
ခြင်ထောင်ကြိုးတွေ။
ညစ်ညူးနေတဲ့စိတ်နဲ့  ညောင်းညာနေခန္ဓာကိုယ်ကိုပစ်ချလိုက်တော့
ဦးနှောက်ပင့်ကူမျှင်များက မျက်လုံးနှစ်လုံးကြားထဲ ဆန့် ထွက်လာ။
မိုက်ရူးရဲဆန်ဆန် ဝင်တိုးလိုက်တော့ မှော်အိမ်မက်တွေသာ ထိမိသမျှ
စေးကပ်ငြိတွယ်။
တုန်ခါ။
အသံကြိုးများ ဝရုန်းသုန်းကားတုန်ခါ။
အထပ်ထပ်င့ါအော်သံများ ငါပြန်ဖြေလို့ မရတော့
အမှောင်ထဲ
ချွေးတွေစီးကျသွားဖို့  ဘုံဘိုင်ခေါင်းများကို ဖွင့်ချလိုက်တယ်။
နေရင်းထိုင်ရင်း ရင်ထဲတင်းကျပ်လာပြန်ပေါ့ သံယောဇဉ်ကြိုးတွေ။ ။
ရေးသားသူ….နိုင်မွန်အောင်သွင်

No comments:

Post a Comment

......ကြိုက်ဒါဝေဖန်သွားပါ........