Sunday, August 2, 2009

လေချွန်သံ.........

လေချွန်သံ....

အာရုံကဘယ်လိုနှိုးမှာလဲ
ငါ့စာရေးထားပွဲပေါ်မှာ ဖြန့် ခင်းထားတဲ့
ခပ်ထူထူ မှန်ချပ်ထဲ ဇောက်ထိုးပေါ်နေတဲ့
သရက်ပင်၊ကောင်းကင်နဲ့ 
ပင့်ကူမျှင်တန်းတွေ။
ဒီအချိန်ကြီးမှာ
တီဗီ အစီစဉ်တွေက ဘာတွေကောင်းလို့ တုန်း
တေးသံတွေမဆုံးခင်
ငါမှုတ်ထုတ်လိုက်တဲ့ မီးခိုးငွေ့ တွေ ဝေ့ဝေ့ ဝဲဝဲ
တစ်အိမ်လုံးမှာ လူသားဆိုလို့  ငါတယောက်တည်း
ညတုန်းက
လျှပ်စစ်မီးကို မပိတ်ပဲ င့ါအိပ်ခဲ့။
လူသံ သူသံ၊စာကလေးအော်သံ
လိပ်ပြာတောင်ပံခတ်သံ
သစ်ရွက်တွေထဲ လေညင်းကလေးတိုးဖြတ်သွားတဲ့အသံ
ရုတ်တရက် ငါချောင်းဆိုးလိုက်တဲ့အသံ။
အဲဒီနောက်
ဖန်ခွက်တစ်လုံး ဖျက်ခနဲကျကွဲသွားတဲ့ပုံ။ ။
ရေးသားသူ….ThuHtat

No comments:

Post a Comment

......ကြိုက်ဒါဝေဖန်သွားပါ........