Saturday, August 1, 2009

ဖိနပ်

ဖိနပ်
မင်းသွားလိုရာသွားပါ
မင်းခြေဖဝါးအောက်က
အပါးတော်မြဲအဖြစ်
ငါလျှောက်ရဲပါတယ်
မင်းသွားမယ့် လမ်းခရီးကြမ်းထဲ
ဆူးညှောင့်ခလုတ်တွေ တွေ့ လည်း
ရဲရဲသာ နင်းလိုက်စမ်းပါ
ငါ ရင်ဘတ်ပေါက်ပါစေ
မင်းဖဝါးထိ မရောက်စေရဘူး
မယုံမရှိနဲ့ 
မင်းလျှောက်မဲ့ လမ်းဆုံးမှာ
မစင်ပုံတွေ့ လည်း
မင်းအတွတ်ဆို
ငါ ရင်အုံနဲ့ ကာကွယ်ပါ့မယ်
ဒါပေမယ့်……..ကွယ်
စိန်၊ ရွှေ၊ ငွေ၊ ရတနာကျောက်
ဇယ်တောတ်တမ်းကစားတဲ့
ဘဝကိုမေ့
မာနတွေနဲ့  ပျော်မွေ့ နေတဲ့
အဲဒီ ပကာသနခြံရှေ့ရောက်ရင်
ငါ့ကို အပြင်မှာပဲထားခဲ့ပါ
သဘာဝထက်ကြီးတဲ့
ပကာသနလက်သီးကို
ငါ…………….
ကြောက်လို့ ပါ။ ။
ရေးသားသူ….ThuHtat

No comments:

Post a Comment

......ကြိုက်ဒါဝေဖန်သွားပါ........