Saturday, August 1, 2009

ချစ်သူ့ လက်ဆောင်

ချစ်သူ့ လက်ဆောင်
ရွက်ဟောင်းကြွေ ရွက်သစ်ဝေလည်း
မင်းလေးကိုသတိရဆဲ။
ပူပြင်းလှတဲ့ နွေဂိမန်ကိုရောက်ရှိလာလည်း
မင်းလေးကို အောက်မေ့ဆဲ။
နှစ်သစ်ငူးတဲ့ တာသင်္ကြန်ကိုရောက် ရှိလာလည်း
မင်းလေးကိုတမ်းတဆဲ။
စိုစိုရွှဲ တဲ့ဝသ၁န်အခါ ရောက်လို့ လာလည်း
မင်းကိုတော့လေလွမ်းဆွတ်ဆဲ။
အေးမြလှတဲ့ ဆောင်းဟေမာန်ကိုရောက်ရှိလာလည်း
မင်းလေးကိုလေတမ်းတဆဲ။
ချမ်းစီးလှသောဆောင်းတညကို ရောက်ရှိလာလည်း
မင်းတစ်ယောက်ကိုသတိရဆဲ။
ဪ..ရာသီတွေပြောင်း အချိန်တွေဟောင်းလည်း
မင်းတစ်ယောက်ကိုတော့ချစ်ခင်ဆဲ။
ဘဝချင်းခြား ကွဲပြားနေလည်း
ငါ့ရင်ထဲမှာ မမေ့အမြဲ။
ရေခြားမြေခြား ဝေးနေသော်လည်း
တမ်းတ မှန်းဆ လွမ်းနေဆဲ။
ရေးသားသူ….ThuHtat

No comments:

Post a Comment

......ကြိုက်ဒါဝေဖန်သွားပါ........