ညတစ်ခုအတွင်းနေထိုင်ခြင်း
ဟိုး……..ကောင်းကင်မှာ
ကြယ်စင်ဖြာလက်
စွဲမက်ဖွယ် လရိပ်
တိတ်တဆိတ်ဖြာကျ
ဒီလိုည……
ဟို…..ကောင်မလေး
ချစ်သူငေးမျှော်
မပျော်တွေဝေ
ရင်တွေပူခုန်
စံပယ်ချုံနံဘေး ခပ်ရေးရေး……
ဟို…ကောင်လေးကတော့
ညကိုမုန်းလို့ 
ခေါင်းအုန်းဖိအိပ်
တံခါးပိတ်…မျက်လုံးတွေမှိတ်….
ဟို……အဘိုးကြီး
ဓါတ်မီးကြိးနှင့်
မီးတဝင်းဝင်း
ကင်းလှည့်နေရ
ဒီလိုည….
ဪ….
ညတစ်ခုထဲ(တည်း)
လွဲနေသူတွေ
အသင်္ချေအနန္တ
ရှိနေကြ……
ကြယ်စင်ဖြာလက်
စွဲမက်ဖွယ် လရိပ်
တိတ်တဆိတ်ဖြာကျ
ဒီလိုည……
ဟို…..ကောင်မလေး
ချစ်သူငေးမျှော်
မပျော်တွေဝေ
ရင်တွေပူခုန်
စံပယ်ချုံနံဘေး ခပ်ရေးရေး……
ဟို…ကောင်လေးကတော့
ညကိုမုန်းလို့ 
ခေါင်းအုန်းဖိအိပ်
တံခါးပိတ်…မျက်လုံးတွေမှိတ်….
ဟို……အဘိုးကြီး
ဓါတ်မီးကြိးနှင့်
မီးတဝင်းဝင်း
ကင်းလှည့်နေရ
ဒီလိုည….
ဪ….
ညတစ်ခုထဲ(တည်း)
လွဲနေသူတွေ
အသင်္ချေအနန္တ
ရှိနေကြ……
No comments:
Post a Comment
......ကြိုက်ဒါဝေဖန်သွားပါ........