ရှင်ကွဲနာ
အချိန်နာရီတွေကို
သက္ကရာဇ်တွေက မဆံ့မပြဲမျို ချခဲ့
အချစ်နဲ့  ဆုံတွေ့ ခဲ့တဲ့ အတိတ်တွေက
အသည်းကွဲဝေဒနာနဲ့  ပစုပန်ကို ညှင်းဆဲ
သက္ကရာဇ်တွေက မဆံ့မပြဲမျို ချခဲ့
အချစ်နဲ့  ဆုံတွေ့ ခဲ့တဲ့ အတိတ်တွေက
အသည်းကွဲဝေဒနာနဲ့  ပစုပန်ကို ညှင်းဆဲ
ငါ့အနာဂါတ်ဟာ ခုထိ မျက်စိမွဲတုန်းပဲလေ…..။
ကာလတွေ ဘယ်လောက်ရွေ့ ရွေ
မေ့ကောင်းလို့ မရတဲ့ ငယ်ချစ်ဦးဓါတ်ပုံဟောင်းက
ပူနေတဲ့ဘဝကို မီးတစနဲ့ ဆွကောင်းတုန်း….။
မိုးမြေတစ်ဆုံး သစ္စာကတိတွေနဲ့ 
အရိုးရှင်းဆုံးသစ္စာရှိဟန်ဆောင်ခဲ့တဲ့ “နှင်း” ရေ
မင်းရေးခဲ့တဲ့ ရေပေါ်က အရုပ်ကလေးတွေ
မင်းပေးခဲ့တဲ့ ရင်ပေါ်က အရှုပ်ကလေးတွေနဲ့ 
ငါ့စိတ်တွေ ဟိုမရောက် သည်မရောက်
မွန်းကြပ်မှု ဒဏ်ချက်တွေနဲ့  ကြွေကာခြောက်ခဲ့ပြီ
ဝဋ်ဆိုတာ နာရီလက်တံတွေလိုပဲ လည်တတ်သလား
နာရီလက်တံတွေကတော့ လည်နေဆဲပါ “နှင်း” ရယ်
နောင်ဘဝမှာ လူဖြစ်တည်ခွင့်ရရင်တော့
သစ္စာရှိသူတို့ ရဲ့ ရင်ခွင်မှာ
ဂုဏ်ယူမှေးစက် ချင်ပါသေးရဲ့...။
ဒီဘဝတော့…ဝဋ်မရှိသမျှ
လှလှပပ ခံစားဖွဲ့ နွဲ့ ကြေကွဲပါရစေတော့…..။
No comments:
Post a Comment
......ကြိုက်ဒါဝေဖန်သွားပါ........