Saturday, August 1, 2009

မာယာပင်လယ်

မာယာပင်လယ်
အနောက်ခြမ်းတွင်
ပန်းကားနှင်းဆီ
ရဲရဲနီ
ပွင့်ရည်ပတ္တမြား
လှိုင်းပေါ်နားလျက်….
အရှေ့ခြမ်းတွင်
ပန်းကားစံပယ်
ဘော်ငွေခြယ်
ခြုံထည်ဖြူဖွေး
လှိုင်းပေါ်ပြေးလျက်…
ဆည်းဆာနောက်ခံ
နှစ်ပွင့်ပန်
မိုးယံကြည့်ကာ
သူ့ မျက်နှာသည်
မာယာများ နေတကား။
ရေးသားသူ….စိန်မြအောင်

No comments:

Post a Comment

......ကြိုက်ဒါဝေဖန်သွားပါ........